အလုံ ဇွန် ၁၇
အလုံမြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ အမျိုးသမီးကျန်းမာရေး ဆရာမဒေါ်မြတ်မွန်လှိုင် ဦးဆောင်သော ကျန်းမာရေးဝန်ထမ်းများသည် ရပ်ကွက်အုပ်ချုပ်ရေးအဖွဲ့နှင့် ပူးပေါင်း၍ ဂဠုန်ရပ်ကွက်သို့ ပထမနေ့အဖြစ် ကွင်းဆင်းသွားရောက်၍ ရက်(၁၀၀) စီမံချက်တွင် ပါဝင်သော ပြည်သူ့ကျန်းမာရေးလုပ်ငန်းများအား ဆောင်ရွက်သည်။
အဆိုပါ ကွင်းဆင်းဆောင်ရွက်ရာတွင် ကွင်းကျောင်းလမ်း၊ ဆဒ္ဒန်လမ်း၊ ဆင်စွယ်လမ်း၊ စက်တွင်းလမ်း၊ သိပ္ပံလမ်း၊ အောက်ကြည့်မြင်တိုင်လမ်း၊ မြောင်းကြီးလမ်းများသို့ သွားရောက်၍ အသက် ၁၅-နှစ်အောက် ကလေးငယ်များ၏ ကာကွယ်ဆေးထိုးနှံမှု အခြေအနေများ၊ ကိုယ်ဝန်ဆောင်မိခင်များ ရှာဖွေခြင်း (Active AN search) နှင့် ကိုယ်ဝန်ဆောင်ကာကွယ်ဆေးထိုးနှံမှု အခြေအနေအားများ ဆန်းစစ်ခြင်းနှင့် သွေးလွန်တုပ်ကွေးရောဂါ ကာကွယ်နှိမ်နင်းရေးလုပ်ငန်းဖြစ်သည့် ဖုံး၊ သွန်၊ လဲ၊ စစ် ပြုလုပ်ခြင်း လုပ်ငန်းများကို ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ရွှေလုံသား (မြို့နယ်ပြန်/ဆက်)