ဟင်္သာတမြို့နယ်၌ ၂၀၂၄ ခုနှစ် လူဦးရေနှင့်အိမ်အကြောင်းအရာ သန်းခေါင်စာရင်းကောက်ယူရေး မြို့နယ်အဆင့်စာရင်းစစ်၊ စာရင်းကောက်သင်တန်းဖွင့်ပွဲကျင်းပ

ဟင်္သာတ စက်တင်ဘာ ၁၈

ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်၊ ဟင်္သာတမြို့နယ်တွင် ၂၀၂၄ ခုနှစ် လူဦးရေနှင့်အိမ်အကြောင်းအရာ သန်းခေါင်စာရင်းကောက်ယူရေးလုပ်ငန်းဆိုင်ရာ မြို့နယ်အဆင့် စာရင်းစစ်၊ စာရင်းကောက်သင်တန်းဖွင့်ပွဲအခမ်းအနားကို ယမန်နေ့နံနက် (၉)နာရီက ဟင်္သာတတက္ကသိုလ် ရူပဗေဒဌာန စာသင်ခန်းမ၌ ကျင်းပခဲ့ကြောင်း သိရသည်။

အခမ်းအနားတွင် မြို့နယ်သန်းခေါင်စာရင်းကြီးကြပ်မှုကော်မတီဥက္ကဋ္ဌ၊ မြို့နယ်စီမံအုပ်ချုပ်ရေး အဖွဲ့ဥက္ကဌ ဦးညွှန့်ဆန်းထွန်းက အဖွင့်အမှာစကား တက်ရောက်ပြောကြားခဲ့ပြီး ဟင်္သာတမြို့နယ် သန်းခေါင်စာရင်းကော်မတီအတွင်းရေးမှူး မြို့နယ်လဝက ဦးစီးမှူး ဦးဖြိုးဝေအောင်က သန်းခေါ်စာရင်းကောက်ကွက်မြေပုံဖွဲ့စည်းမှု၊ ကောက်ယူရမည့် စနစ်တို့အား ရှင်းလင်း ပြောကြားခဲ့သည်။

ထို့နောက်မြို့နယ်ဥက္ကဋ္ဌ ဦးညွှန့်ဆန်းထွန်းမှ သန်းခေါင်စာရင်းကောက်ယူရာတွင် အသုံးပြုမည့် Tablet နှင့် ဆက်စပ်ပစ္စည်းများ၊ သင်တန်းလမ်းညွှန်စာအုပ်များအား သသင်တန်းသား၊ သင်တန်းသူများကိုယ်စား ဦးမောင်မောင်အေးထံသို့ ပေးအပ်ခဲ့သည်။

အဆိုပါသင်တန်းကို သန်းခေါင်စာရင်းဆိုင်ရာ အဓိကသဘောတရားများ၊ ဘာသာရပ်ဆိုင်ရာ အကြောင်းအရာများနဲ့ လက်တွေ့လေ့ကျင့်ခန်းများ၊ အပြန်အလှန်ဆွေးနွေးခြင်း၊ ပဟေဠိအမေးအဖြေများဖြင့်လည်း ထိရောက်လွယ်ကူသည့် နည်းလမ်းများဖြင့် လေ့ကျင့်သင်ကြား ပို့ချသွားမည်ဖြစ်ပြီး သင်တန်းသား၊ သင်တန်းသူ(၂၀၉)ဦး၊ နည်းပြ ၁၉ ဦးတို့ဖြင့် (၁၀)ရက်ကြာ ပို့ချသွားမည်ဖြစ်ပြီး ဖွင့်ပွဲအခမ်းအနားသို့ ခရိုင်နှင့်မြို့နယ် လဝကရုံးမှ တာဝန်ရှိသူများနှင့်ဝန်ထမ်းများ၊ မြို့နယ်အဆင့်ဌာနဆိုင်ရာ အကြီးအကဲများ၊ သင်တန်းနည်းပြများနှင့် သင်တန်းသားများ၊ စုစုပေါင်း (၃၂၀)ဦးခန့် တက်ရောက်ခဲ့ကြောင်း သိရသည်။

ခရိုင်ပြန်ဆက်(ဟင်္သာတ)