နတ်မောက် စက်တင်ဘာ ၁၉
မကွေးတိုင်းဒေသကြီး နတ်မောက်မြို့နယ်အတွင်းရှိ အိုင်ဇောက်ကျေးရွာ၊ ကန်ကြီးကုန်းကျေးရွာနှင့် ဈေးသာကျေးရွာများသို့ သဘာဝဘေးအန္တရာယ်တားဆီးကာကွယ်ရေး သိကောင်းစရာများအား ယမန်နေ့က အသံချဲ့စက်ဖြင့် လိုက်လံနှိုးဆော်ခြင်းဆောင်ရွက်ခဲ့သည်။
ထိုသို့ အသံချဲ့စက်ဖြင့် လိုက်လံနှိုးဆော်ခဲ့ရာတွင် မြို့နယ်သဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန ဦးစီးအရာရှိက မိုးရာသီကာလ၌ မိုးသည်းထန်စွာရွာသွန်းသည့်အချိန်ခါတွင် ရေကြီးရေလျှံဖြစ်ပေါ်လာပါက လိုက်နာရမည့်အချက်များ၊ ရေကြီးရေလျှံမဖြစ်ပွားမီ ကြိုတင်ပြင်ဆင်ရမည့်အချက်များ၊ မိုးတိမ်တောင်များ ရွေ့လျားရာနေရာတစ်လျှောက်တွင် လေပြင်းများတိုက်ခတ်ခြင်း၊ လေပြင်းနှင့်အတူမိုးထစ်ချုန်းခြင်း၊ မိုးကြိုးပစ်ခြင်း၊ လျှစ်စစ်းလက်ခြင်း၊ မိုးသီးကြွေခြင်းနှင့် နေရာကွက်ကျားမိုးထစ်ချုန်းရွာခြင်း၊ မြစ်ငယ်ချောင်းငယ်အနီးတွင် နေထိုင်ကြသူများကလည်း ရေကြီးရေလျှံမှုများဖြစ်ပေါ်လာနိုင်သောကြောင့် ကြိုတင်သတိပြုနေထိုင်ကြပါရန်၊ ပြည်သူများအနေဖြင့် မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာန၏ အချိန်နှင့်တစ်ပြေးညီ ထုတ်ပြန်ချက်များကိုစောင့်ကြည့်၍ လိုအပ်သည်များ ကြိုတင်ပြင်ဆင်မှုများဖြင့် သတိပြုနေထိုင်ကြရန်စသည့်အကြောင်းအရာများကို အသံချဲ့စက်ဖြင့်လိုက်လံအသိပညာပေးနှိုးဆော်ခဲ့ပြီး သဘာဝဘေးအန္တရာယ်အသိပညာပေး လက်ကမ်းစာစောင်များဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။
လှဝင်း