အောင်လံမြို့၌ ၂၀၂၄ ခုနှစ် တက္ကသိုလ်ဝင်စာ မေးပွဲအောင်မြင်သူ ပညာရေးဝန်ထမ်းသား/ သမီးများအား ဂုဏ်ပြုဆုငွေနှင့်မှတ်တမ်း ချီးမြှင့်

အောင်လံ စက်တင်ဘာ ၁၈

မကွေးတိုင်းဒေသကြီး၊ အောင်လံခရိုင်၊ အောင်လံမြို့၌ ၂၀၂၄ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲအောင်မြင်သူ ပညာရေးဝန်ထမ်းသား/သမီးများအား ဂုဏ်ပြုဆုငွေနှင့်မှတ်တမ်းချီးမြှင့်ခြင်း အခမ်းအနားကို ယမန်နေ့ မွန်လွဲ ၁ နာရီက ခရိုင်ပညာရေးမှူးရုံးခန်းမ တွင်ပြုလုပ်ခဲ့သည်။

ရှေးဦးစွာ ခရိုင်ပညာရေးမှူး ဦးဌေးလွင်ကအဖွင့်အမှာစကားပြောကြားရာတွင် ဆရာ/ ဆရာမများအနေနှင့် ကိုယ့်သား/သမီးသာမက ကိုယ်သင်ကြားရသည့်ကျောင်းသား/သူ မှန်သမျှအားလုံးအား သား/သမီးကဲ့သို့ သဘောထားစေတနာအပြည့်အဝနှင့် သင်ကြားပို့ချပေးခြင်းဖြင့် ကျောင်းသား၊ ကျောင်းသူလူငယ်များသည် ဗလငါးတန်နှင့်ပြည့်စုံပြီး လူချွန်လူကောင်းများ အများအပြားပေါ်ထွန်းလာမှာဖြစ်ကြောင်း ပြောကြားခဲ့သည်။ ဆက်လက်၍ ခရိုင်ပညာရေးမှူးနှင့်တာဝန်ရှိသူများက ဆုရကျောင်းသား/သူများအား ဂုဏ်ပြုဆုငွေနှင့် မှတ်တမ်းတင်ဂုဏ်ပြုလွှာများအား ပေးအပ်ခဲ့ကြောင်း သိရသည်။

အာကာ(ပြန်/ဆက်)