ကံမမြို့နယ်တွင် လူဦးရေနှင့်အိမ်အကြောင်းအရာသန်းခေါင်စာရင်း ကောက်ယူခြင်းလုပ်ငန်း မြို့နယ်အဆင့် စာရင်းစစ် စာရင်းကောက်သင်တန်းဖွင့်ပွဲအခမ်းအနား ကျင်းပ

ကံမ စက်တင်ဘာ ၁၈

မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ ကံမမြို့နယ်တွင် လူဦးရေနှင့်အိမ်အကြောင်းအရာ သန်းခေါင်စာရင်းကောက်ယူခြင်းလုပ်ငန်း  မြို့နယ်အဆင့် စာရင်းစစ်စာရင်းကောက်သင်တန်း ဖွင့်ပွဲအခမ်းနားကို  ယမန်နေ့   နံနက် (၉) နာရီက မြို့နယ်ခန်းမ၌ကျင်းပပြုလုပ်ရာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကနှင့်အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများ၊ သင်တန်းနည်းပြများနှင့် သင်တန်းသားများ တက်ရောက်ခဲ့ကြသည်။

အခမ်းအနားတွင် မြို့နယ်သန်းကောင်စာရင်းကော်မတီဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူးဦးအုန်းဌေးက အဖွင့်အမှာစကားပြောကြားပြီး မြို့နယ်သန်းခေါင်စာရင်းကော်မတီအတွင်းရေးမှူး လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန မြို့နယ်ဦးစီးမှူး ဦးရဲအောင်က ၂၀၂၄ ခုနှစ်၊ လူဦးရေနှင့်အိမ်အကြောင်းအရာသန်းခေါင်စာရင်းကောက်ယူခြင်းလုပ်ငန်းနှင့်ပတ်သက်၍ ရှင်းလင်းဆွေးနွေးပြောကြားခဲ့သည်။ ထို့နောက် နည်းပြ၊ စာရင်းစစ် စာရင်းကောက်ခန့်အပ်လွှာများနှင့် သန်းခေါင်စာရင်းကောက်ယူနိုင်ရန်အတွက် အထောက်အကူပြုပစ္စည်းများကိုတာဝန်ရှိသူများက ပေးအပ်ခဲ့ကြသည်။ အဆိုပါသင်တန်းသို့ သင်တန်းသား သင်တန်းသူ(၇၉)ဦး တက်ရောက်ခဲ့ပြီး သင်တန်းနည်းပြ (၆)ဦးတို့ဖြင့် စက်တင်ဘာ(၁၇)ရက်မှ စက်တင်ဘာ(၂၆)ရက်နေ့အထိ (၁၀)ရက်ကြာ ဖွင့်လှစ်ပို့ချသွားမည်ဖြစ်ကြောင်း သိရသည်။

ကျော်ဇေယျဝင်း(ကံမ)