ဗန်းမော် စက်တင်ဘာ ၁၈
ကချင်ပြည်နယ်၊ ဗန်းမော်ခရိုင်၊ ဗန်းမော်မြို့တွင် နှစ်(၆၀)ပြည့် မြန်မာနိုင်ငံရဲတပ်ဖွဲ့နေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ကချင်ပြည်နယ်၊ ဗန်းမော်ခရိုင်ရဲတပ်ဖွဲ့မှူး ဒုတိယရဲမှူးကြီး ရဲဝင်း ဦးစီး၍ ခရိုင်ရဲတပ်ဖွဲ့မှူးရုံး၊ မြို့နယ်ရဲတပ်ဖွဲ့မှူးရုံး၊ သတင်းရဲတပ်ဖွဲ့စု(ဗန်းမော်)၊အမှတ်(၁)ရဲတပ်ဖွဲ့စု(ဗန်းမော်)၊ အမှတ်(၁၀၀)ယဉ်ထိန်းရဲတပ်ဖွဲ့စု(ဗန်းမော်)၊ အမှတ်(၁)မူးယစ်ဆေးဝါးတာဆီးနှိမ်နင်းရေး ရဲတပ်ဖွဲ့စု (ဗန်းမော်)၊ အမှတ်(၂)လူကုန်ကူးမှုတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့စိတ်(ဗန်းမော်)နှင့် လေကြောင်း ရဲတပ်ဖွဲ့ (ဗန်းမော်)တို့မှ စုစုပေါင်း (၁၁၀) ဦးတို့သည် ယမန်နေ့နံနက် ၇ နာရီတွင် ဗန်းမော်မြို့၊ သာစည်ရပ်ကွက်ရှိ အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်းဝန်းအတွင်း စုပေါင်းသန့်ရှင်းရေး ဆောင်ရွက်ခဲ့ကြောင်း သိရှိရသည်။
ကျောင်းသား၊ ကျောင်းသူ ကလေးငယ်များ ခြင်အန္တရာယ် ကြိုတင်ကာကွယ်ရေးအတွက် ခြင်များမပေါက်ဖွားစေရန် ခြုံနွယ်များ မြက်ပင်များ ခုတ်ထွင်ရှင်းလင်းခြင်းနှင့် သစ်ကိုင်းခြောက်များ ရှင်းလင်းခြင်းစသည့် စုပေါင်းသန့်ရှင်းရေးဆောင်ရွက်နေမှုများအား ဗန်းမော်ခရိုင်ရဲတပ်ဖွဲ့မှူး ဒုတိယရဲမှူးကြီး ရဲဝင်းနှင့် တာဝန်ရှိသူများက လိုက်လံကြည့်ရှု အားပေးဆောင်ရွက်ခဲ့ကြပြီး ဗန်းမော်ခရိုင် ရဲတပ်ဖွဲ့အနေဖြင့် ပြည်သူ့အကျိုးပြုလုပ်ငန်းများအား ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရှိရပါသည်။
ခရိုင်(ပြန်/ဆက်)