ကျောက်တံတား စက်တင်ဘာ ၁၈
ရန်ကုန်တိုင်းဒေသကြီး၊ ကျောက်တံတားခရိုင်၊ ကျောက်တံတားမြို့နယ်တွင် ၂၀၂၄ ခုနှစ်၊ လူဦးရေနှင့်အိမ်အကြောင်းအရာ သန်းခေါင်းစာရင်းကောက်ယူရန် စာရင်းစစ်၊ စာရင်းကောက် သင်တန်းဖွင့်ပွဲ အခမ်းအနားကို စက်တင်ဘာလ (၁၆) ရက်နေ့နံနက် (၉) နာရီအချိန်က အ.ထ.က ကျောက်တံတား စကားဝါခန်းမ၌ ကျင်းပခဲ့သည်၊၊
အဆိုပါအခမ်းအနားတွင် မြို့နယ်သန်းခေါင်စာရင်းကော်မတီဥက္ကဋ္ဌ ဦးမြင့်စိန်က အဖွင့်အမှာ စကား ပြောကြားခဲ့ပြီး၊ မြို့နယ်သန်းခေါင်စာရင်းကော်မတီ အတွင်းရေးမှူး ဦးအောင်သိန်းလှိုင်က သန်းခေါင်စာရင်းကောက်ယူခြင်းနှင့်ပတ်သက်၍ ရှင်းလင်းပြောကြားခဲ့ပြီးနောက် သန်းခေါင်စာရင်းကောက်ယူရာတွင် လိုအပ်သည့်သင်ထောက်ကူပစ္စည်းများ ပေးအပ်ခဲ့ကြောင်း သိရသည်၊၊
အခမ်းအနားသို့ ကျောက်တံတားခရိုင် သန်းခေါင်စာရင်းကော်မတီဥက္ကဋ္ဌ ဦးမြင့်စိန်နှင့် အဖွဲ့ဝင်များ၊ သန်းခေါင်စာရင်းကော်မတီအတွင်းရေးမှူး ဦးသန်းထွဋ်လွင်၊ ဌာနဆိုင်ရာများ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများ၊ လူမှုရေးအသင်းအဖွဲ့များ၊ စာရင်းစစ်၊ စာရင်းကောက် သင်တန်းသူ၊ သင်တန်းသားများ စုစုပေါင်း (၁၅၀) ဦးခန့် တက်ရောက်ခဲ့ကြကြောင်း သိရသည်၊၊
ခိုင်သဇင်