ကျောက်ဆည် စက်တင်ဘာ ၁၈
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင် ပြည်သူ့ကျန်းမာရေးဦးစီးဌာနနှင့် မန္တလာဆေးရုံ ဆေးကုသရေးအဖွဲ့တို့မှ ယမန်နေ့နံနက်ပိုင်းက ကျောက်ဆည်ခရိုင်အတွင်းရှိ ရေဘေးသင့်ကျေးရွာများသို့ ကွင်းဆင်း၍ ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
ထိုသို့ ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများကို ရေဘေးသင့်ခဲ့သည့် ကျောက်ဆည်မြို့နယ် မင်းစုကျေးရွာအုပ်စုတွင် ကျား(၂၅)ဦး၊ မ(၅၅)ဦး စုစုပေါင်း(၈၀)ဦး၊ မြစ်သားမြို့နယ် ခရုတုပ်ကျေးရွာ၊ အုတ်နှဲဘုတ်ကျေးရွာနှင့် မြစ်ဆုံကြီးကျေးရွာတို့မှ ကျား(၂၀၃)ဦး၊ မ(၂၉၃)ဦး စုစုပေါင်း(၄၉၆)ဦးတို့ကို ကွင်းဆင်းဆေးကုသခဲ့ခြင်းဖြစ်သည်။
၎င်းအပြင် ကျောက်ဆည်ခရိုင်အတွင်း ရေဘေးသင့်ဒေသများတွင် ကျန်းမာရေး စောင့်ရှောက်မှုလုပ်ငန်းများကိုလည်း ဆက်လက်ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။
ခရိုင်(ပြန်/ဆက်)