ရပ်စောက်မြို့နယ် စမ်းရေဦး ခေတ်မီစံပြကျေးရွာ(Smart Village)၌ တောင်သူအသိပညာပေးဟောပြောပွဲ ကျင်းပ
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ရပ်စောက်မြို့နယ်၊ ကောင်းဘို့ကျေးရွာအုပ်စု စမ်းရေဦးခေတ်မီစံပြကျေးရွာ (Smart village)၌ မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၊ သစ်တောဦးစီးဌာနနှင့် စိုက်ပျိုးရေးဦးစီးဌာနတို့ပူးပေါင်း၍ တောင်သူအသိပညာပေးဟောပြောပွဲကို ယမန်နေ့နံနက် ၁၀ နာရီက အဆိုပါကျေးရွာဓမ္မာရုံ၌ ပြုလုပ်ခဲ့သည်။