မြိတ်မြို့တွင် ပြည်ထောင်စု၏ အခွန်အကောက်ဥပဒေကို ပြင်ဆင်သည့် ဥပဒေအကြောင်း ပညာပေးရှင်းလင်းဆွေးနွေး

တနင်္သာရီတိုင်းဒေသကြီး မြိတ်မြို့တွင် မြို့နယ်အတွင်းရှိ ရွှေဆိုင်လုပ်ငန်းရှင်များအား (၂၀၂၄) ခုနှစ် ပြည်ထောင်စု၏ အခွန်အကောက်ဥပဒေကို ပြင်ဆင်သည့် ဥပဒေအကြောင်း အခွန်ပညာပေးရှင်းလင်းဆွေးနွေးပွဲကို ယမန်နေ့နေ့လယ်ပိုင်းက မြို့နယ်အခွန်ဦးစီးဌာနမှူးရုံးတွင် အခွန်ပညာပေး ရှင်းလင်းဆွေးနွေးခဲ့သည်။

အမရပူရမြို့ အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်းတွင် ဖွဲ့စည်းပုံအခြေခံဥပဒေ(၂၀၀၈ခုနှစ်)နှင့် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် ဥပဒေဆိုင်ရာသိကောင်းစရာများ ဟောပြောပွဲပြုလုပ်

မန္တလေးတိုင်းဒေသကြီး၊ အမရပူရမြို့၊ အမှတ် (၁) အခြေခံပညာအထက်တန်းကျောင်း၊ အမရအောင်မြေခန်းမတွင် ယမန်နေ့နံနက်၁၀နာရီအချိန် ကနိုင်ငံတော်အကြီးအကဲက  KG + 12 တက်ရောက်နေသည့် ကျောင်းသားများသည် အသက် ၁၇ နှစ်၊ ၁၈ နှစ် အရွယ်ဖြစ်ပြီး KG + 12 ပြီးလျှင် အသက် ၁၈ နှစ်ထဲသို့ ရောက်ရှိမည်ဖြစ်ရာ အသက်အရွယ်အရ မဲပေးရန်အကျုံးဝင်နိုင်သူများ ဖြစ်လာနိုင်၍ ၎င်းတို့အား ဖွဲ့စည်းပုံအခြေခံဥပဒေ၊ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် ဥပဒေတို့နှင့်ပတ်သက်၍ သိရှိအောင်ဆောင်ရွက်ပေးရန် လမ်းညွှန်မှုအရ အခြေခံပညာအထက်တန်းအဆင့် တက်ရောက်နေသော ကျောင်းသား၊ ကျောင်းသူများကို ဖွဲ့စည်းပုံအခြေခံဥပဒေ(၂၀၀၈ ခုနှစ်)နှင့် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် ဥပဒေဆိုင်ရာသိကောင်းစရာ ဟောပြောပွဲကို ကျင်းပခဲ့သည်။

မတ္တရာမြို့နယ်တွင် နေကြာမျိုးစေ့​ပေးအပ်ခြင်းနှင့် ဓာတ်မြေသြဇာရောင်းချပွဲ အခမ်းအနားပြုလုပ်

မန္တလေးတိုင်းဒေသကြီး၊ အောင်မြေသာစံခရိုင်၊ မတ္တရာမြို့နယ်၊ ထီးတော်မိုးကျေးရွာ ဘုန်းတော်ကြီးကျောင်းတွင် နေကြာမျိုးစေ့​ပေးအပ်ခြင်းနှင့် ဓာတ်မြေသြဇာရောင်းချပွဲအခမ်းအနားကို ယမန်နေ့နံနက် ၈ နာရီအချိန်က ကျင်းပပြုလုပ်ခဲ့သည်။

ပြင်ဦးလွင်မြို့၌  သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုအဖွဲ့ လုပ်ငန်းညှိနှိုင်းအစည်းအဝေး ကျင်းပ

မန္တလေးတိုင်းဒေသကြီး၊ ပြင်ဦးလွင်ခရိုင်၊  ပြင်ဦးလွင်မြို့တွင် သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုအဖွဲ့ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယမန်နေ့မွန်းတည့်  ၁၂ နာရီက ခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ရာ တာဝန်ရှိသူများနှင့်  ခရိုင်/မြို့နယ်အဆင့်ဌာနဆိုင်ရာအကြီးအကဲများ တက်ရောက်ကြသည်။

မော်လမြိုင်မြို့နယ်တွင် မုန်တိုင်းဘေးနှင့် ရေဘေးအန္တရာယ် တုံ့ပြန်ဆောင်ရွက်ရေး ဇာတ်တိုက်လေ့ကျင့်

မွန်ပြည်နယ် မော်လမြိုင်မြို့နယ်တွင် သဘာဝဘေးအန္တရာယ်ကြောင့် ပြည်သူများ၏ အသက်အိုးအိမ်များ ပျက်စီးဆုံးရှုံးမှုမဖြစ်ပွားစေရေးနှင့် ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများကို ထိရောက်လျင်မြန်စွာ ဆောင်ရွက်နိုင်ရေးအတွက် မြို့နယ်မီးသတ်ဦးစီးဌာနမှ ဦးဆောင်ကာ ယမန်နေ့ နံနက်ပိုင်းက ဇေယျာသီရိရပ်ကွက် (Cyclone Shelter)တွင် မုန်တိုင်းဘေးနှင့် ရေဘေးအန္တရာယ်တုံ့ပြန်ဆောင်ရွက်ရေး ဇာတ်တိုက်လေ့ကျင့်လှုပ်ရှားမှုများကို ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

မက်မန်းခရိုင်အတွင်း မိုးသည်းထန်စွာရွာသွန်းမှုကြောင့် ပျက်စီးခဲ့သော ဘေလီတံတား အမြန်ပြန်လည်ပြင်ဆင်နိုင်ရေး ကွင်းဆင်းကြည့်ရှုစစ်ဆေး

ရှမ်းပြည်နယ်(အ‌ရှေ့ပိုင်း) “ဝ”ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း၊ မက်မန်းခရိုင်၌ ဩဂုတ်လအတွင်း မိုးသည်းထန်စွာရွာသွန်းမှုကြောင့် ပျက်စီးခဲ့သော ဘေလီတံတားအား အမြန်ပြန်လည် ပြင်ဆင်နိုင်ရေး ကျေးလက်လမ်းဖွံဖြိုးရေးဦးစီးဌာန၊ တံတားတည်ဆောက်ရေးအဖွဲ့(ရုံးချုပ်)မှ တာဝန်ရှိသူများက ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။

ပြည်မြို့နယ်၌ လေဘေးသင့်နေအိမ်(၄)လုံးအတွက် အိမ်ဆောက်ပစ္စည်းဖိုး‌၊ ကယ်ဆယ်‌ရေး ပစ္စည်းများနှင့် ဆန်ရိက္ခာဖိုးများ‌ထောက်ပံ့ပေးအပ်

ပြည်မြို့နယ်တွင် စက်တင်ဘာ ၁၇ ရက်ညပိုင်းက မိုးသည်းထန်စွာရွာသွန်းပြီး လေပြင်းတိုက်ခတ်မှုကြောင့် သစ်ပင်ပြိုလဲ ထိခိုက်ပျက်စီးခဲ့သော ရွာဘဲရပ်ကွက်မှ နေအိမ်(၃)လုံးနှင့် အရှေ့ပေါက်တောကျေးရွာမှ နေအိမ်(၁)လုံးတို့အတွက် အိမ်ဆောက်ပစ္စည်းဖိုး‌ ထောက်ပံ့ငွေအပါအဝင် ကယ်ဆယ်‌ရေးပစ္စည်းများနှင့် ဆန်ရိက္ခာဖိုးထောက်ပံ့ငွေများကို ပြည်ခရိုင်ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာနမှ တာဝန်ရှိသူနှင့် ဝန်ထမ်းများအဖွဲ့က စက်တက်ဘာ ယမန်နေ့မွန်းလွဲ ၁နာရီခွဲအချိန်က အဆိုပါ ရပ်ကွက်/ကျေးရွာများသို့ သွားရောက်ထောက်ပံ့ပေးအပ်ခဲ့ကြောင်းသိရသည်။

မုဒုံမြို့၌ စာဖတ်ရှိန်မြင့်မားစေရေး လူငယ်စကားဝိုင်း ကျင်းပ

မွန်ပြည်နယ်၊ မုဒုံမြို့နယ်တွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ပညာရေးဌာနတို့ ပူးပေါင်းကျင်းပသည့် လူငယ်စကားဝိုင်းကို ယနေ့နံနက် ၉ နာရီက အ.ထ.က (ညောင်ကုန်း)ကျောင်း၌ ကျင်းပသည်။

ရေတာရှည်မြို့နယ်အတွင်း ဖွင့်လှစ်ထားသော ရေဘေးကယ်ဆယ်ရေးစခန်းများ၌ ပဲခူး Medical Team အဖွဲ(၄)ဖွဲ့မှ စုပေါင်းကွင်းဆင်းဆောင်ရွက်

ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ ရေတာရှည်မြို့နယ်၌ မိုးအဆက်မပြတ်ရွာသွန်းပြီး ချောင်းရေ၊ မြစ်ရေများလျှံတက်၍ လူနေအိမ်မျာအတွင်း ရေဝင်ရောက်မှုကြောင့် ရေဘေးကယ်ဆယ်ရေးစခန်းများကို ဘုန်းတော်ကြီးကျောင်းအသီးသီးတွင် ဖွင့်လှစ်ထားကြောင်း သိရသည်

နတ်တလင်းမြို့နယ် Community Centre ခန်းမ၌စာဖတ်ရှိန်မြှင့်တင်ရေး အသိပညာပေး ဟောပြောပွဲ ကျင်းပ

ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းမြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအ​ခြေပြု ဗဟိုဌာန(Community Centre)ခန်းမ၌ ကျောင်းသားကျောင်းသူလေးများ အသိပညာ ဗဟုသုတ တိုးပွား​စေရန်ရည်ရွယ်၍ စာဖတ်ရှိန်မြှင့်တင်ရေးအသိပညာပေးဟောပြောပွဲကို ယနေ့​နံနက် ၁၀ နာရီကကျင်း ပပြုလုပ်ခဲ့ကြောင်း သိရသည်။
Subscribe to