ရွှေဘိုမြို့၌ က​လေးသူငယ်အခွင့်အ​ရေးများဆိုင်ရာ​ ဥပ​ဒေအသိပညာ​ပေး​​ဟောပြောပွဲကျင်းပ

စစ်ကိုင်းတိုင်း​ဒေသကြီး​၊ ရွှေဘိုခရိုင်​၊ လူမှုဝန်ထမ်းဦးစီးဌာန၌ က​လေးသူငယ်အခွင့်အ​ရေးများဆိုင်ရာ ဥပ​ဒေအသိပညာ​ပေးဟော​ပြောပွဲကို ယ​မန်နေ့မွန်းလွဲပိုင်းက ကျင်းပပြုလုပ်ခဲ့​ကြောင်း သိရသည်။

နတ်မောက် မူလတန်းကြိုကျောင်းတွင် ဉာဏစွမ်းရည်ပြိုင်ပွဲနှင့် ဆုချီးမြှင့်ပေးအပ်ပွဲကျင်းပ

မကွေးတိုင်းဒေသကြီး၊ နတ်မောက်မြို့နယ် လူမှုဝန်ထမ်းဦးစီးဌာန နတ်မောက်မူလတန်းကြိုကျောင်းတွင် ဉာဏစွမ်းရည်ပြိုင်ပွဲနှင့် ဆုချီးမြှင့်ပေးအပ်ပွဲကို ယမန်နေ့ နံနက် (၉) နာရီအချိန်က အဆိုပါ ကျောင်းခန်းမတွင် ကျင်းပခဲ့သည်။

ပလောက်မြို့၌ ရွေ့လျားစာကြည့်တိုက်စနစ်ဖြင့် စာအုပ်စာစောင်များ အခမဲ့ ငှားရမ်းခြင်း ဆောင်ရွက်

တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်ခရိုင်၊ ပလောက်မြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ရွေ့လျားစာကြည့်တိုက်စနစ်ဖြင့် စာအုပ်စာစောင်များ အခမဲ့ငှားရမ်းခြင်းကို ပုံမှန်ဆောင်ရွက်လျက်ရှိရာ ယနေ့ နံနက် (၁၀) နာရီ အချိန်က မြို့အထွေထွေအုပ်ချုပ်ရေးဦးစီးဌာရုံးသို့ သွားရောက်ငှားရမ်းဆောင်ရွက်ပေးခဲ့သည်။

သရက်မြို့၌ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှု ဦးစီးဌာနမှ သဘာဝဘေး အသိပညာပေးလိုက်လံနှိုးဆော်

မကွေးတိုင်းဒေသကြီး၊ သရက်မြို့၌ ခရိုင်ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာနမှ သဘာဝဘေး အသိပညာပေး လိုက်လံနှိုးဆော်ခြင်းကို ယနေ့ နံနက် (၁၀) နာရီက မြောက်မင်းတည်းရပ်ကွက်၊ တောင်မင်းတည်းရပ်ကွက်နှင့် လေးတိုင်စဉ်ရပ်ကွက်၊ ထုံးတောင်ကျေးရွာ၊ သဲတောကျေးရွာတွင် ဆောင်ရွက်ခဲ့သည်။

လှိုင်းဘွဲမြို့၌ လူငယ်ရေးရာ အသိပညာပေး ဟောပြောပွဲနှင့် ဥပဒေဆိုင်ရာ သိမှတ်ဖွယ်ရာများ အသိပညာပေး ဟောပြောပွဲ ကျင်းပ

ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ လှိုင်းဘွဲမြို့နယ်တွင် ပြန်ကြားရေးနှင်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မြို့နယ်မူးယစ်ဆေးဝါးဆန့်ကျင်ရေးအသင်းနှင့် မြို့နယ်ဥပဒေဆိုင်ရာ အထောက်အကူပေးရေးအဖွဲ့တို့ ပူးပေါင်း၍ လူငယ်ရေးရာ အသိပညာပေး ဟောပြောပွဲနှင့် ဥပဒေဆိုင်ရာ သိမှတ်ဖွယ်ရာများ အသိပညာပေး ဟောပြောပွဲကို ယနေ့နံနက်(၉)နာရီအချိန်က အခြေခံပညာအထက်တန်းကျောင်း(ခွဲ)၌ ဆောင်ရွက်ခဲ့သည်။

အောင်မြေသာစံမြို့နယ် မီးသတ်စခန်း၌ သဘာဝဘေးအန္တရာယ်များ ကာကွယ်နိုင်ရန် မီးသတ်တပ်ဖွဲ့ဝင်များ အသင့်စုဖွဲ့ ဆောင်ရွက်

မန္တလေးတိုင်းဒေသကြီး၊ မန္တလေးခရိုင် မီးသတ်ဦးစီးဌာနက ဦးဆောင်၍ မန္တလေး (၇) မြို့နယ်မှ သန္ဓေ/ အရန်တပ်ဖွဲ့ဝင်များ ပူးပေါင်းကာ သဘာဝဘေးအန္တရာယ်များ ဖြစ်ပေါ်ပါက အရေးပေါ် ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်နိုင်ရန် ရှာဖွေကယ်ဆယ်ရေးသုံး စက်ကိရိယာများနှင့်အတူ အောင်မြေသာစံမြို့နယ် မီးသတ်စခန်း၌ အသင့်စုဖွဲ့ ဆောင်ရွက်လျက်ရှိသည်။

ကျောက်ဆည်ခရိုင် ဆီကုန်သည်နှင့်ဆီလုပ်ငန်းရှင်များအသင်းမှ စားအုန်းဆီ(၁)ပိဿာ ငွေ(၇၆၀၀)ကျပ်ဖြင့် ရောင်းချပေး

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင် ဆီကုန်သည်နှင့်ဆီလုပက်ငန်းရှင်များအသင်းမှ ကျောက်ဆည်၊ စဉ့်ကိုင်၊ မြစ်သားမြို့နယ်များနှင့် ကူမဲ၊ ပုလိပ်မြို့တယ်ခွဲများတွင် စားသုံးဆီအခက်အခဲမရှိစေရေး စားအုန်းဆီတင်သွင်းသည့် ကုမ္မဏီများနှင့် ချိတ်ဆက်ကာ ရည်ညွှန်း‌ဈေးများဖြင့်ဝယ်၍ စာအုန်းဆီ(၁)ပိဿာ ငွေ(၇၆၀၀)ကျပ်ဖြင့် ရောင်းချပေးခဲ့ကြောင်း သိရသည်။  

ချမ်းမြသာစည်မြို့နယ် အမှတ် (၃၀) အခြေခံပညာအထက်တန်းကျောင်းတွင် လူငယ်ရေးရာ အသိပညာပေး ဟောပြောပွဲ ကျင်းပ

အနာဂတ်၏ လူငယ်များ ထူးချွန်ထက်မြက်၍ ဗလငါးတန်နှင့် ပြည့်စုံပြီး အသိပညာ ဗဟုသုတ ဖွံ့ဖြိုးတိုးတက်လာစေရန် ရည်ရွယ်၍ မန္တလေးတိုင်းဒေသကြီး၊ ချမ်းမြသာစည်မြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ အားကစားနှင့်ကာယပညာဦးစီးဌာနတို့ ပူးပေါင်းကျင်းပသော "လူငယ်ရေးရာအသိပညာပေး ဟောပြောပွဲ"ကို ယနေ့ နံနက် (၉:၀၀) နာရီ အချိန်က အမှတ်(၃၀) အခြေခံပညာအထက်တန်းကျောင်းအောင်ဆန်းခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။

မိုးအဆက်မပြတ်ရွာသွန်းခဲ့ခြင်းကြောင့် ပုဗ္ဗသီရိမြို့နယ် ဆင်သေချောင်း ရေကြီးရေလျှံပြီးနောက် ရေများကျဆင်းသွားရာ စာသင်ကျောင်းများအတွင်း တင်ကျန်ခဲ့သော ရွှံ့၊ နွံ၊ သစ်တုံးများအား မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ သန့်ရှင်းရေးဆောင်ရွက်

ပြည်ထောင်စုနယ်မြေ၊ နေပြည်တော် ပုဗ္ဗသီရိမြို့နယ်၌ မိုးအဆက်မပြတ်ရွာသွန်းခြင်းကြောင့် ဆင်သေချောင်း ရေများလျှံပြီး ရပ်ကွက်ကျေးရွာအချို့၊ ဆေးရုံ၊ စာသင်ကျောင်းများ၊ သာသနိက အဆောက်အဦများအတွင်း ရေများဝင်ရောက်ခဲ့ပြီး ယခုအခါရေများ ပြန်လည်ကျဆင်းသွားသည့်အတွက် ယနေ့နံနက်ပိုင်းက ရွာတော်အုပ်စု၊ ရွာသစ်ကျေးရွာရှိ အမှတ် (၂၁) အခြေခံပညာအထက်တန်းကျောင်းတွင် မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များနှင့် သက်ဆိုင်ရာဝန်ထမ်းများ စုပေါင်းသန့်ရှင်းရေးလုပ်ငန်းများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ဆိပ်ဖြူမြို့နယ်၌ စာဖတ်ရှိန်မြှင့်တင်ရေး အသိပညာပေးဟောပြောပွဲ ကျင်းပ

မကွေးတိုင်းဒေသကြီး၊ ပခုက္ကူခရိုင်၊ ဆိပ်ဖြူမြို့နယ်တွင် ကျောင်းသား/ကျောင်းသူများအား ဗလငါးတန်နှင့်ပြည့်စုံသော လူငယ်များဖြစ်စေရန်နှင့် လူငယ်ကဏ္ဍကို မြှင့်တင်ဆောင်ရွက်ရန် ရည်ရွယ်၍ အခြေခံပညာကျောင်းများ၌ နယ်လှည့်စာကြည့်တိုက်၊ နံရံကပ်စာစောင်၊ လူငယ်ရေးရာ အသိပညာပေးဟောပြောပွဲများ ဆောင်ရွက်လျက်ရှိရာ ယမန်နေ့က သံဇလုံကျေးရွာ (အ.လ.ကခွဲ)ကျောင်းတွင် အသိပညာပေးဟောပြောပွဲ ကျင်းပခဲ့ကြောင်း သိရသည်။
Subscribe to