တောင်ငူ ဇန်နဝါရီ ၂၀
ပဲခူးတိုင်းဒေသကြီး၊ တောင်ငူမြို့၊ အမှတ် (၂) အခြေခံပညာအထက်တန်းကျောင်း၌ မြို့နယ်အခြေခံပညာကျောင်းများ၊ ကိုယ်ပိုင်ကျောင်းများမှ အင်္ဂလိပ်စာဘာသာရပ် သင်ကြားနေ သော ဆရာ၊ ဆရာမများ အင်္ဂလိပ်စာဘာသာစွမ်းရည်မြှင့်ဆွေးနွေးပွဲကို ယနေ့နံနက် (၉)နာရီအချိန်က ကျင်းပသည်။
ထိုသို့ကျင်းပရာတွင် မြို့နယ်ပညာရေးမှူးရုံးမှ ကြီးမှူး၍ တောင်ငူမြို့နယ် အခြေခံပညာကျောင်းများ၊ ကိုယ်ပိုင်ကျောင်းများမှ အင်္ဂလိပ်စာဘာသာရပ်သင်ကြားနေသော ဆရာ၊ ဆရာမများ အင်္ဂလိပ်စာဘာသာရပ်စွမ်းရည်များ တိုးတက်မြင့်မားလာစေရန် ရည်ရွယ်၍ ကျင်းပခြင်းဖြစ်ပြီး သင်တန်းခေါင်းဆောင် (၂၀) ဦး၊ ဆရာ၊ ဆရာမ (၁၆၂၁) ဦးတို့က အင်္ဂလိပ်စာဘာသာရပ်နှင့်ပတ်သက်သည့် သင်ခန်းစာများကို အပြန်အလှန်ဆွေးနွေးကြသည်။
အဆိုပါဆွေးနွေးပွဲကို ဇန်နဝါရီလ ၂၀ ရက်နေ့မှ ၂၁ ရက်နေ့အထိ ကျင်းပသွားမည်ဖြစ်ကြောင်း တောင်ငူမြို့နယ်ပညာရေးမှူးရုံးမှ သိရသည်။
ဇော်ကိုကို (တောင်ငူ)