၂၀၂၄ ခုနှစ်၊ တက္ကသိုလ်ဝင်စာမေးပွဲတွင် ဂုဏ်ထူး (၄/၃/၂) ဘာသာရရှိသည့် ကျောင်းသား/သူများ ဂုဏ်ပြုဆုနှင့် ထူးချွန်ဆုရရှိသူများအား ဂုဏ်ပြုဆုများ ပေးအပ်ပွဲအခမ်းအနားကျင်းပ
ရန်ကုန်တိုင်းဒေသကြီး၊ ဗိုလ်တထောင်ခရိုင်တွင် ၂၀၂၄ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲတွင် ဂုဏ်ထူး ၄ ဘာသာ၊ ၃ ဘာသာနှင့် ၂ ဘာသာ ရရှိသော ကျောင်းသား/ သူများနှင့် တိုင်းအဆင့်/ခရိုင်အဆင့် ထူးချွန်ဆုရရှိသူများအား ဆုပေးပွဲအခမ်းအနားကို ယမန်နေ့ နံနက်ပိုင်းက မင်္ဂလာတောင်ညွန်မြို့နယ် အမှတ်(၃)အခြေခံပညာအထက်တန်းကျောင်း ယုဇနခန်းမ၌ ကျင်းပပြုလုပ်သည်။