နေပြည်တော် ဇန်နဝါရီ ၂၀
နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦးသည် နေပြည်တော်ကောင်စီအဖွဲ့ဝင်များ၊ နေပြည်တော်စည်ပင်သာယာရေးကော်မတီမှ တာဝန်ရှိသူများ၊ ဌာနဆိုင်ရာတာဝန်ရှိသူများ လိုက်ပါလျက် ယနေ့နံနက်ပိုင်းတွင် နေပြည်တော်၊ ပျဉ်းမနားမြို့နယ်၊ ရွှေချီရပ်ကွက်အတွင်းရှိ (၆) လမ်း တံတားအနီးဝန်းကျင်းနှင့် ငလိုက်ချောင်းတစ်လျှောက်တွင် သန့်ရှင်းသာယာရေးအတွက် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဝန်ထမ်းများ၊ ဌာနဆိုင်ရာများမှ ဝန်ထမ်းများ၊ တပ်မတော်သားများ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ စည်ပင်သာယာရေးအဖွဲ့များ၊ ကြက်ခြေနီတပ်ဖွဲ့ဝင်များ၊ ဆရာဆရာမများနှင့် လူမှုရေးအသင်းအဖွဲ့များက ချုံနွယ်များ၊ ပေါင်းမြက်များ၊ အမှိုက်များ ရှင်းလင်းခြင်းစသည့် စုပေါင်းသန့်ရှင်းရေးဆောင်ရွက်နေမှုကို ကြည့်ရှုအားပေးပြီး ငလိုက်ချောင်း တစ်လျှောက်အတွင်း အမှိုက်များမပစ်စေရေး၊ အမြဲသန့်ရှင်းသာယာလှပစေရေးကို အလေးထား ဆောင်ရွက်စေလိုကြောင်း၊ ရေစီးရေလာကောင်းမွန်စေရေးနှင့် လိုအပ်သည်များကို တာဝန်ရှိသူများအား မှာကြားသည်။
ဆက်လက်၍ နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦး နှင့်အဖွဲ့သည် ဇမ္ဗူသီရိမြို့နယ်၊ အောင်ဇမ္ဗူ (၁၀) ရပ်ကွက်၊ လက်ပံခါးလှအတွင်းရှိ အမှတ် (၁၄၀) အခြေခံပညာမူလတန်းလွန်ကျောင်း၌ ကျောင်းတွင်းကျောင်းပြင် သန့်ရှင်းသာယာလှပစေရေးအတွက် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဝန်ထမ်းများ၊ ဌာနဆိုင်ရာများမှ ဝန်ထမ်းများ၊ တပ်မတော်သားများ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ စည်ပင်သာယာရေးအဖွဲ့များ၊ ကြက်ခြေနီတပ်ဖွဲ့ဝင်များ၊ ဆရာဆရာမများနှင့် လူမှုရေးအသင်းအဖွဲ့များက သစ်ပင်များအလင်းဖွင့်ခြင်း၊ ချုံနွယ်များ၊ ပေါင်းမြက်များ၊ အမှိုက်များ ရှင်းလင်းခြင်း စသည့်စုပေါင်းသန့်ရှင်းရေး ဆောင်ရွက်နေမှုကို ကြည့်ရှုအားပေးပြီး ကျောင်းပတ်ဝန်းကျင် အမြဲသန့်ရှင်းသာယာလှပစေရေးကို အလေးထားဆောင်ရွက်စေလိုကြောင်း၊ ရာသီအလိုက်ပွင့်သည့်ပန်းပင်များ စိုက်ပျိုးရမှာဖြစ်ကြောင်းနှင့် လိုအပ်သည်များကို တာဝန်ရှိသူများအား မှာကြားခဲ့ကြောင်း သိရသည်။
ထွန်းထွန်းဝင်(ပြန်/ဆက်)