အခြေခံပညာမူလတန်လွန်ကျောင်းရှိ ကျောင်းသား၊ ကျောင်းသူများအား တိုင်းရင်းဆေးဖြင့် ဆေးဝါးများကုသပေးခြင်း ဆောင်ရွက်

တွံတေး ဇန်နဝါရီ ၂၀

ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးမြို့နယ်တိုင်းရင်းဆေးကုဌာနမှ ပိတ်စွယ်ကျေးရွာအ.မ.က(မူလွန်)ကျောင်း၌ ကျောင်းသား၊ ကျောင်းသူများ ဆောင်းရာသီကာလတွင် ဖြစ်ပွားတတ်သော ရောဂါများမဖြစ်ပွားစေရေး အသိပညာပေးဟောပြောခြင်းနှင့်ဆေးဝါးကုသပေးခြင်းကို ယမန်နေ့ နေလယ် ၁ နာရီအချိန်က အ.မ.က(မူလွန်)ပိတ်စွယ်၌ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

အသိပညာပေးဟောပြောပွဲတွင် မြို့နယ်တိုင်းရင်းဆေးကုဌာန၊ မြို့နယ်တိုင်းရင်းဆေးမှူးဒေါ်နွယ်နွယ်ဦးမှ ကျောင်းသူ၊ ကျောင်းသား(၈၀)ဦးတို့အား တိုင်းရင်းဆေးအကြောင်းသိကောင်းစရာဆောင်းရာသီတွင် ဖြစ်တတ်သောရောဂါအကြောင်းနှင့် တစ်ကိုယ်ရေသန့်ရှင်းရေးအကြောင်း အသိပညာပေးဟောပြောခဲ့ပြီး ဆရာ၊ ဆရာမများနှင့် ကျောင်းသား/သူများအား‌ ကျန်းမာရေးစစ်ဆေးမှုများလုပ်ဆောင်ပေးခဲ့ကာ ကျား(၂၀)ဦး၊ မ(၂၈)ဦး စုစုပေါင်း(၄၈)ဦးတို့အား နှာစေးချောင်းဆိုး၊ ဗိုက်အောင့်(လေထိုးလေအောင့်)၊ ခေါင်းမူးခြင်း၊ အစာမကြေရောဂါတို့ကို ဆေးဝါးကုသမှုပေးခဲ့ကြောင်း သိရသည်။

တွံတေးသား