ပုသိမ်ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ သာပေါင်းမြို့နယ်၊ သဲဖြူကျေးရွာအုပ်စုတွင် ဆောင်းနေကြာစိုက်ပျိုးဖြစ်ထွန်းမှု၊ သစ်စိမ်းမြေသြဇာ(ပိုက်ဆံလျှော်)ခူးခြွေမှုနှင့် ရေကျနောက်စိုက် စပါးကွင်းများအား ကြည့်ရှုစစ်ဆေး

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ သာပေါင်းမြို့နယ်၊ သဲဖြူကျေးရွာအုပ်စုတွင် ပုသိမ်ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များက ယမန်နေ့နံနက် ၉ နာရီအချိန်တွင် ဆောင်းနေကြာစိုက်ပျိုးဖြစ်ထွန်းမှု၊ သစ်စိမ်းမြေသြဇာ(ပိုက်ဆံလျှော်)ခူးခြွေမှုနှင့် ရေကျနောက်စိုက်စပါးကွင်းများအား ကြည့်ရှုစစ်ဆေးခဲ့ကြသည်။

မော်လိုက်မြို့ အ.ထ.က ကျောင်း၌ မြို့နယ်အဆင့် ပညာရေးစုံညီပွဲတော် အခမ်းနားကျင်းပ

စစ်ကိုင်းတိုင်းဒေသကြီး၊ မော်လိုက်မြို့ ၂၀၂၃−၂၀၂၄ ပညာသင်နှစ် မြို့နယ်အဆင့် ကျောင်းပေါင်းစုံ ပညာရေးဆုံညီပွဲတော်ကို ယမန်နေ့နံနက် (၉) နာရီ အချိန်က မော်လိုက် အခြေခံပညာအထက်တန်းကျောင်း စုံညီခန်းမတွင် ကျင်းပပြုလုပ်ရာ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့၀င်များ၊ ခရိုင်/မြို့နယ် ဌာနဆိုင်ရာအကြီးအကဲများ၊ ဆရာ/ဆရာမများ၊ ကျောင်းသား/ကျောင်းသူများနှင့် မိဘအုပ်ထိန်းသူများ တက်ရောက်ခဲ့ကြသည်။

မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးတင့်လွင် မကွေးတက္ကသိုလ်သန့်ရှင်းသာယာလှပစေရေး  စုပေါင်းသန့်ရှင်းရေးဆောင်ရွက်နေမှုအား ကြည့်ရှုအားပေး

မကွေးတိုင်းဒေသကြီးအတွင်းရှိ တိုင်း၊ ခရိုင်နှင့် မြို့နယ်များတွင် မြို့ရွာသန့်ရှင်းသာယာလှပရေး၊  ဘုရားစေတီပုထိုးများ၊ ဘုန်းတော်ကြီးကျောင်းများ၊ စာသင်ကျောင်းများနှင့် ဆေးရုံဆေးခန်းများ ပတ်ဝန်းကျင်သန့်ရှင်းသာယာလှပစေရေးတို့အတွက် အပတ်စဉ်(စနေနေ့တိုင်း) စုပေါင်းသန့်ရှင်းရေး လုပ်ငန်းများ ဆောင်ရွက်လျက်ရှိရာ ယနေ့နံနက် ၇ နာရီ အချိန်က မကွေးတက္ကသိုလ်၌ ဌာနဆိုင်ရာများပူးပေါင်း၍ စုပေါင်းသန့်ရှင်းရေးဆောင်ရွက်နေမှုအား မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ်ဦးတင့်လွင်၊ မကွေးတပ်နယ်မှ ဗိုလ်မှူးချုပ်ထွန်းဝင်း၊ အစိုးရအဖွဲ့ဝင်ဝန်ကြီးများနှင့် ဌာနဆိုင်ရာအကြီးအကဲများက သွားရောက်၍ ကြည့်ရှုအားပေးသည်။

ကျောက်ပန်းတောင်းမြို့တွင် မူးယစ်ဆေးဝါးအန္တရာယ် တားဆီးကာကွယ်ရေး အသိပညာပေး Talk Show ပြုလုပ်

ကျောက်ပန်းတောင်းမြို့တွင် မူးယစ်ဆေးဝါးအန္တရာယ် တားဆီးကာကွယ်ရေး အသိပညာပေး Talk Show ပြုလုပ် ကျောက်ပန်းတောင်း ဇန်နဝါရီ ၂၀ နေအောင်(ပြန်/ဆက်)

ကျွန်းကုန်းကျေးရွာနှင့် ရွှေလောင်းကျေးရွာတွင် လေပြင်းဘေးကြိုတင်ကာကွယ်ရေးအတွက် အိမ်အလုံး(၃၀၀)အား ပြန်လည်ပြုပြင်ပေးမည်

ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ ဝါးခယ်မမြို့နယ်အတွင်း ခရိုင်ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာနရုံးမှ လေပြင်းဘေးကြိုတင်ကာကွယ်ရေးအတွက် ကြံ့ခိုင်မှုမရှိသောအိမ်များအား ပြန်လည်ပြုပြင်ပေးခြင်းကို ယနေ့နံနက်ပိုင်းတွင် ဆက်လက်ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

အ.မ.က (၅) ကျောင်း၌ လူငယ်ရေးရာ အသိပညာပေးဟောပြောပွဲ ဆောင်ရွက်

ဗလငါးတန်နှင့်ပြီးပြည့်စုံသော လူငယ်လူရွယ်များ ဖြစ်ပေါ်လာစေရန် ရည်ရွယ်၍ ပြန်ကြားရေးနှင့်ပြည်သူဆက်ဆံရေးဦးစီးဌာန၊ အားကစားနှင့်ကာယပညာဦးစီးဌာနနှင့် ပညာရေးဌာနတို့ ပူးပေါင်းကျင်းပသော လူငယ်များ ဗလငါးတန်ဖွံ့ဖြိုးရေးနှင့် အားကစားရေးရာ အသိပညာပေးဟောပြောပွဲကို ယမန်နေ့ မွန်းလွဲ (၂) နာရီ အချိန်က အ.မ.က (၅) ကျောင်း၌ ကျင်းပပြုလုပ်သည်။

လိပ်သိုမြို့ အခြေခံပညာအထက်တန်းကျောင်း၌ လူငယ်များ ဘက်စုံဖွံ့ဖြိုးရေး လူငယ်စကားဝိုင်း ဆွေးနွေးပွဲကျင်းပ

လိပ်သိုမြို့ အခြေခံပညာအထက်တန်းကျောင်း၌ လူငယ်များ ဘက်စုံဖွံ့ဖြိုးရေး လူငယ်စကားဝိုင်း ဆွေးနွေးပွဲကျင်းပ လိပ်သို ဇန်နဝါရီ ၁၉ ခင်လေးနွယ်(လိပ်သို)

ကလောမြို့နယ်၌ စာပေနှင့်သတင်းမီဒီယာဆိုင်ရာ အသိပညာပေး ဟောပြောဆွေးနွေးပွဲ ကျင်းပ

ရှမ်းပြည်နယ်တောင်ပိုင်း၊ ကလောခရိုင်၊ ကလောမြို့နယ်တွင် မြန်မာနိုင်ငံသတင်းမီဒီယာကောင်စီ၊ မြန်မာနိုင်ငံစာရေးဆရာများအသင်းနှင့် စာကြည့်တိုက်များဖောင်ဒေးရှင်းတို့ ပူးပေါင်းကျင်းပသည့် စာပေနှင့်သတင်းမီဒီယာဆိုင်ရာ အသိပညာပေး ဟောပြောဆွေးနွေးပွဲကို ယမန်နေ့မွန်းလွှဲ ၂ နာရီက ကလောမြို့ အမှတ် (၁) အခြေခံပညာအထက်တန်းကျောင်း တေဇခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။
Subscribe to