ဖြူးမြို့နယ်၊ ဝဲဒေါင့်အခြေခံပညာမူလတန်းလွန်ကျောင်းတွင် စာဖတ်ရှိန်မြှင့်တင်ရေးနှင့်အသိပညာပေး ဟောပြောပွဲ ကျင်းပ

ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ဖြူးမြို့နယ်အတွင်း အခြေခံပညာကျောင်းများရှိ ကျောင်းသား/ ကျောင်းသူများအကျင့်စာရိတ္တ ကောင်းမွန်စေရေး၊ အသိပညာဗဟုသုတများ ရရှိစေရေး၊ ကျောင်းစာအပြင် ပြင်ပစာပေဗဟုသုတများ ရရှိစေရေးအတွက်ရည်ရွယ်၍ မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဆောင်ရွက်နေလျက်ရှိရာ ယနေ့နံနက် (၉)နာရီခွဲက ဝဲဒေါင့်ကျေးရွာ အခြေခံပညာမူလတန်း လွန်ကျောင်းတွင် စာဖတ်ရှိန်မြှင့်တင်ရေးနှင့် အသိပညာပေး ဟောပြောခဲ့ကြကြောင်း သိရသည်။

ရေဘေးကယ်ဆယ်ရေးစခန်းများသို့ ဆန်၊ ဆီ၊ ကြက်ဥ၊ ခေါက်ဆွဲခြောက်နှင့် သောက်ရေသန့်များ ဖြန့်ဝေပေး

ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင် သဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံကွပ်ကဲမှုအဖွဲ့ရုံးမှကြီးကြပ်၍ ဒေသအသီးသီးမှ ပရဟိတအသင်းအဖွဲ့များ၊ ပြည်သူများက လာရောက်လှူဒါန်းသည့် ဆန်၊ ဆီ၊ ကြက်ဥ၊ ခေါက်ဆွဲခြောက်၊ အဝတ်အစား၊ စားသောက်ဖွယ်ရာများနှင့် သောက်ရေသန့်ဗူးများကို ယမန်နေ့နံနက်ပိုင်းက ရေဘေးကယ်ဆယ်ရေးစခန်းများသို့ ဖြန့်ဝေပေးလျက်ရှိသည်။

ပေါက်ခေါင်းမြို့နယ်တွင် ကော်မတီ(၃)ခု လုပ်ငန်းညှိနှိုင်းအစည်းအဝေး ပြုလုပ်

ပဲခူးတိုင်းဒေသကြီး၊ပြည်ခရိုင်၊ ပေါက်ခေါင်းမြို့နယ်တွင် မြို့နယ်ကလေးသူငယ်အခွင့်အရေးများ ဆိုင်ရာ ကော်မတီ၊ မြို့နယ်အမျိုးသမီးကော်မတီနှင့် မြို့နယ်သက်ကြီးရွယ်အိုများဆိုင်ရာ ကော်မတီအပါအဝင် ကော်မတီ(၃)ခု၏လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက် ၁၀ နာရီကအထွေထွေအုပ်ချုပ်ရေးဦးစီးဌာနအစည်းအဝေးခန်း၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

ရန်ကင်းမြို့နယ်၌ ပြင်းထန်ဝမ်းပျက်ဝမ်းလျှောရောဂါ ကာကွယ်ဆေး တုံ့ပြန်တိုက်ကျွေးခြင်းလုပ်ငန်း အသိပညာပေးဆွေးနွေးပွဲ ကျင်းပ

ရန်ကုန်တိုင်းဒေသကြီး၊ သင်္ဃန်းကျွန်းခရိုင်၊ ရန်ကင်းမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ရုံးအစည်းအဝေးခန်းမ၌ ယနေ့နံနက် ၁၀ နာရီက ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ပြင်းထန် ဝမ်းပျက်ဝမ်းလျှောရောဂါကာကွယ်ဆေး (Oral Cholera Vaccine)တုံ့ပြန်တိုက် ကျွေးခြင်း လုပ်ငန်းအသိပညာပေးဆွေးနွေးပွဲ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

၂ဝ၂၄ ခုနှစ် ရန်ကုန်တိုင်းဒေသကြီးအားကစားပွဲတော် ဖွင့်ပွဲအခမ်းအနားကျင်းပ

၂ဝ၂၄ ခုနှစ် ရန်ကုန်တိုင်းဒေသကြီးအားကစားပွဲတော်ကို စက်တင်ဘာ ၁၄ ရက်မှ ၂၄ ရက်နေ့အထိ ရန်ကုန်မြို့တွင်ကျင်းပလျက်ရှိရာ အဆိုပါပွဲတော်ဖွင့်ပွဲအခမ်းအနားကို ယနေ့မွန်းလွဲ (၂) နာရီက ရန်ကုန်မြို့၊ အမျိုးသားအားကစားပြိုင်ပွဲရုံ (၁) သုဝဏ္ဏတွင်ကျင်းပရာ ရန်ကုန်တိုင်းဒေသကြီး အားကစားနှင့်ကာယပညာကော်မတီနာယက ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးစိုးသိန်းနှင့်ဇနီး၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ တိုင်းဒေသကြီး အားကစားနှင့်ကာယပညာကော်မတီမှအဖွဲ့ဝင်များ၊ တိုင်းဒေသကြီးအဆင့် ဌာနဆိုင်ရာအကြီးအကဲများ အားကစားဆပ်ကော်မတီများမှ တာဝန်ရှိသူများ၊ ပြိုင်ပွဲဝင်အားကစားသမားများ တက်ရောက်ခဲ့ကြသည်။

အ.ထ.က(မိုးညို)၌ ဖွဲ့စည်းပုံအခြေခံဥပဒေနှင့် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် ဥပဒေဆိုင်ရာ သိကောင်းစရာများ ဟောပြောဆွေးနွေး

ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ မိုးညိုမြို့နယ်၌ ဖွဲ့စည်းပုံအခြေခံဥပဒေနှင့် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် ဥပဒေဆိုင်ရာသိကောင်းစရာများ ဟောပြော‌ဆွေးနွေး ပို့ချခြင်း အခမ်းအနားကို ယနေ့နံနက် ၁၀ နာရီက ဇောတိကရပ်ကွက်၊ ဆရာစံလမ်းရှိ အ.ထ.က(မိုးညို)သရဖူခန်းမတွင် ကျင်းပပြုလုပ်ခဲ့ကြောင်းသိရသည်။

သထုံမြို့၊ အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်း၌ စာဖတ်ရှိန်မြှင့်တင်ရေး လူငယ်ရေးရာ အသိပညာပေးဟောပြောပွဲ ကျင်းပ

မွန်ပြည်နယ်၊ သထုံမြို့နယ်တွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ပူးပေါင်း၍ ကျောင်းသားကျောင်းသူများ စာဖတ်ရှိန် မြင့်မားပြီး ဗလငါးတန်ဖွံ့ဖြိုးရေး လူငယ်ရေးရာ အသိပညာပေးဟောပြောပွဲကို ယနေ့၊ နံနက်(၉)နာရီက အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်း၊ နဝ‌ဒေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြောင်းသိရသည်။

ဖြူးမြို့နယ်၊ လေးအိမ်စုကျေးရွာအတွက် လူမှုဘဝဖွံ့ဖြိုးတိုးတက်စေရေး မြစိမ်းရောင်စီမံကိန်း နဝမအကြိမ်ချေးငွေ ထုတ်ချေး

ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ ဖြူးမြို့နယ်၊ ကြက်ပေါင်ချောင်းကျေးရွာအုပ်စု၊ လေးအိမ်စုကျေးရွာ လူမှုဘဝဖွံ့ဖြိုးတိုးတက်စေရေး ၂၀၂၄-၂၀၂၅ဘဏ္ဍာနှစ်၊ မြစိမ်းရောင်စီမံကိန်း ချေးငွေ နဝမအကြိမ် အသင်းသား(၇၈)ဦးအတွက် ချေးငွေသိန်း(၄၂၀)ထုတ်ချေးပေးခြင်းကို ယနေ့ နံနက်ပိုင်းက ကျေးရွာဘုန်းတော်ကြီးကျောင်း ဓမ္မာရုံတွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

မြောက်ဥက္ကလာပမြို့နယ် အမှတ် (၁)အခြေခံပညာအထက်တန်းကျောင်းတွင်လူငယ်စကားဝိုင်း ကျင်းပ

ရန်ကုန်တိုင်း‌ဒေသကြီး၊ မရမ်းကုန်းခရိုင် ၊ မြောက်ဥက္ကလာပ မြို့၌ မြို့နယ်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်းကျင်းပသော လူငယ်စကားဝိုင်းကို ယနေ့ နံနက် ၁၀ နာရီက အဆိုပါကျောင်းမြတ်ခရေခန်းမတွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

"ထက်အောင်"ဆောက်လုပ်ရေးကုမ္ပဏီမှ ပုဗ္ဗသီရိမြို့နယ်၊ ရွာသစ်ကျေးရွာ ရန်အောင်မြင်ဘုန်းတော်ကြီးကျောင်းတိုက်ရှိ ရေဘေးသင့်ပြည်သူများအတွက် ထောက်ပံ့ငွေ၊ ဆန်၊ ဆီ၊ ရေသန့်၊ ဆပ်ပြာ၊ ကြက်ဥ၊ ခေါက်ဆွဲခြောက်နှင့် မုန့်မျိုးစုံများကို ပေးအပ်လှူဒါန်း

ပြည်ထောင်စုနယ်မြေ၊ နေပြည်တော် ပုဗ္ဗသီရိမြို့နယ် ရွာသစ်ကျေးရွာ ရန်အောင်မြင်ဘုန်းတော်ကြီးကျောင်းတိုက်ရှိ ရေဘေးရှောင်ပြည်သူများအတွက် ထောက်ပံငွေ၊ ဆန်၊ ဆီ၊ ရေသန့်၊ ဆပ်ပြာ၊ ကြက်ဥ၊ ခေါက်ဆွဲခြောက်နှင့် မုန့်မျိုးစုံများကို "ထက်အောင်" ဆောက်လုပ်ရေးကုမ္ပဏီမှ ယနေ့နံနက်ပိုင်းက ထောက်ပံ့လှူဒါန်းခဲ့သည်။
Subscribe to