နမ့်စန်တွင် နမ့်လတ်ချောင်းရေလျှံမှုကြောင့် ရေကြီးနစ်မြုပ်ခဲ့သည့် နေရာများတွင် သန့်ရှင်းရေးလုပ်ငန်းများ စုပေါင်းဆောင်ရွက်
ရှမ်းပြည်နယ်တောင်ပိုင်း၊ နမ့်စန်ခရိုင်၊ နမ့်စန်မြို့နယ်တွင် မိုးအဆက်မပြတ် ရွာသွန်းမှုကြောင့် စက်တင်ဘာ (၁၁) ရက်မှစတင်၍ နမ့်လတ်ချောင်းအနီးဝန်းကျင်နှင့် အနိမ့်ပိုင်းရှိ စာသင်ကျောင်း၊ ဘုန်းတော်ကြီးကျောင်းနှင့် လူနေအိမ်များ ရေနစ်မြုပ်ပျက်စီးမှုများ ဖြစ်ပေါ်ခဲ့ရာ ယခုအခါ ရေများပြန်လည်ကျဆင်းပြီဖြစ်၍ အဆိုပါနေရာများတွင် သန့်ရှင်းရေးလုပ်ငန်းများကို စက်တင်ဘာလ (၁၈) ရက်နေ့ နံနက်ပိုင်းက စုပေါင်းဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။