မိုင်းဖြတ်မြို့နယ်၊ အ.ထ.က (မိုင်းဖြတ်) ၌ ​ကျောင်း​ဆောင်သစ်​ဆောက်လုပ်​နေမှုအား ကြည့်ရှုစစ်​ဆေး

မိုင်းဖြတ် ဇန်နဝါရီ ၂၀

ရှမ်းပြည်နယ်(အ​ရှေ့ပိုင်း)၊ တာချီလိတ်ခရိုင် မိုင်းဖြတ်မြို့နယ်တွင် မြို့နယ်တည်ဆောက်ရေးလုပ်ငန်းစိစစ်ရေးကော်မတီဝင်များသည် ယမန်​နေ့နံနက်ပိုင်းက အ.ထ.က (မိုင်းဖြတ်) ရှိ ​ကျောင်း​ဆောင်သစ်​ဆောက်လုပ်​နေမှုအား သတ်မှတ်အရည်အ​သွေးပြည့်မှီ​ရေးနှင့် ကြံ့ခိုင်မှုရှိ​စေ​ရေးအတွက် ကြည့်ရှုစစ်​ဆေးခဲ့​ကြောင်း သိရသည်။

ထိုသို့စစ်​ဆေးရာတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးညီညီအောင်၊ မြို့နယ်တည်ဆောက်ရေးလုပ်ငန်းစိစစ်ရေးကော်မတီဝင်များ၊ မြို့နယ်ပညာ​ရေးမှူး ဦး​အောင်​ကျော်ညွှန့်နှင့် တာဝန်ရှိသူများက ၂၀၂၃-၂၀၂၄ ဘဏ္ဍာရေးနှစ်၊ ပညာရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဘဏ္ဍာရန် ပုံငွေ (၁၇၅.၆၄၈) သန်းဖြင့် ရွှေတောက်ထွန်းကုမ္ပဏီလီမိတက်မှ အလျား၇၀​ပေ၊ အနံ၃၀​ပေ (RC)၂ထပ် ကျောင်းဆောင်သစ် တည်ဆောက်နေမှုအား ကွင်းဆင်းကြည့်ရူစစ်ဆေးခဲ့ရာ လုပ်ငန်းခွင်အတွင်း သတ်မှတ်အတိုင်းအတာနှင့် အရည်အ​သွေးပြည့်မီ​စေ​ရေးတို့ကို ကြည့်ရှုစစ်​ဆေးတိုင်းတာခဲ့ပြီး မြို့နယ်တည်ဆောက်ရေးလုပ်ငန်းစိစစ်ရေးကော်မတီမှ တာဝန်ရှိသူများက လုပ်ငန်းလိုအပ်ချက်များကို အကြံပြု​မှာကြားခဲ့​ကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)