ညောင်တုန်းမြို့နယ်တွင် ဆီထွက်သီးနှံ(နေကြာ)နှင့် ဆောင်းသီးနှံများစိုက်ပျိုးမှု အခြေအနေများအား ကွင်းဆင်းကြည့်ရှု

ညောင်တုန်း  ဇန်နဝါရီ   ၂၀

ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ညောင်တုန်းမြို့နယ်အတွင်း ဆီထွက်သီးနှံ(နေကြာ)နှင့် ဆောင်းသီးနှံများစိုက်ပျိုးမှုအခြေအနေများကို ယမန်နေ့နံနက်မွန်းလွဲပိုင်းက မြို့နယ်အတွင်းရှိ သီးနှံစိုက်ပျိုးသည့်ကျေးရွာများအရောက် ကွင်းဆင်းကြည့်ရှုခဲ့သည်။

ကွင်းဆင်းကြည့်ရှုရာတွင် မြို့နယ်စိုက်ပျိုးထုတ်လုပ်မှုတိုးတက်မြင့်မားရေးကြီးကြပ်မှုကော်မတီဥက္ကဋ္ဌဦး‌ကျော်စိုးနှင့်အဖွဲ့ဝင်များ၊ စိုက်ပျိုးရေးတာဝန်ခံများက ကျေးရွာအုပ်စုတို့ရှိ သီးနှံစိုက်ပျိုးသည့် တောင်သူများနှင့်‌တွေ့ဆုံ၍ ဆီထွက်သီးနှံ(နေကြာ)နှင့် ဆောင်းသီးနှံများ စိုက်ပျိုးမှုအခြေအနေများအား ကွင်းဆင်းကြည့်ရှုအားပေးခဲ့ပြီး စိုက်ပျိုးထုတ်လုပ်မှု တိုးတက်မြင့်မားရေးအတွက် လိုအပ်သည်များပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။

မြို့နယ်(ပြန်ဆက်)