မော်လမြိုင်ကျွန်းမြို့နယ်၊အ‌ခြေခံပညာ အလယ်တန်း‌ ကျောင်း (ပလွန်စာ)တွင် လူငယ်ရေးရာ အသိပညာပေး ဟောပြောပွဲကျင်းပ

မော်လမြိုင်ကျွန်း  ဇန်နဝါရီ  ၂၁

ဧရာဝတီတိုင်းဒေသကြီး၊ လပွတ္တာခရိုင်၊ မော်လမြိုင်ကျွန်းမြို့နယ်တွင် ကျောင်းသား၊ ကျောင်းသူများကျောင်းစာအပြင် ပြင်ပစာပေ ဗဟု သုတများကြွယ်ဝစေရန်၊ ဘက်စုံထူးချွန်ဖွံ့ဖြိုးတိုးတက် စေရန်ရည်ရွယ်၍ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ အားကစားနှင့်ကာယပညာဦးစီးဌာန၊ စားသုံးသူရေးရာဦးစီးဌာန၊‌  ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာနနှင့် ငါးလုပ်ငန်းဦးစီးဌာန၊ မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနတို့ ပူးပေါင်း၍ လူငယ်ရေးရာ အသိပညာပေး ဟောပြောပွဲကို ယမန်နေ့ နံနက် ၁၀ နာရီအချိန်တွင် အခြေခံပညာအလယ် တန်း‌‌ကျောင်း  (ပလွန်စာ)တွင် ကျင်းပပြုလုပ်ခဲ့သည်။

အသိပညာပေးဟောပြောပွဲတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိ ဒေါ်နုနု‌‌အေးက လူငယ်နှင့်စာပေ၊ မြို့နယ်အားကစားနှင့်ကာယပညာဦးစီးဌာန ဦးစီးအရာရှိ ဒေါ်နှင်းမိုး‌လှိုင်က လူငယ်နှင့်အားကစား အကြောင်းသိကောင်းစရာများနှင့် ကျောင်း သား/ကျောင်းသူများအားကစားကို စိတ်ပါဝင်စားလာစေရန် အားကစားပြုလုပ်ခြင်း၏ အကျိုးကျေးဇူးများ၊   ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဖဦးစီးဌာနမှဦးစီးအရာရှိ ဒေါ်ဇာဇာလင်းက သဘာဝဘေး အန္တရာယ်များကာကွယ်‌ရေးအ‌ကြောင်းနှင့် ငါးလုပ်ငန်းဦးစီးဌာနမှ ဦးစီးအရာရှိဒေါ်နှင်းရည်စိုးက အယ်နီညိုကာကွယ်ရေးအကြောင်းနှင့် စားသုံးသူရေးရာဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးမင်းဇော်လတ်က စားသုံးရန်မသင့်သည့် အစားအစာများ၏ အန္တရာယ်များအ‌ကြောင်း စသည့် အကြောင်းအရာများ၊မွေးမြူရေးနှင့်ကုသရေးဦးစီး လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်ဖြူဖြူဝင်းက တိရိစ္ဆာန်များနှင့်ပတ်သက်၍ ရောဂါများအကြောင်းအရာများ အသီးသီးအသိပညာပေး ဟောပြော‌‌ပေးခဲ့ပြီး‌နောက် မြို့နယ်အား/ကာဦးစီးမှုးက ကျောင်းသား/ကျောင်းသူများအတွက် အားကစားပစ္စည်းများ ကျောင်းအုပ်ဆရာမကြီးအား ပေး‌အပ်ခဲ့ပြီးနောက် တက်ရောက်လာကြသော ဆရာ/ဆရာမများ၊ကျောင်းသား၊ကျောင်းသူများအား အကြောလျော့လေ့ကျင့်ခန်းများ သရုပ်ပြမှုများဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

ရဲကိုမောင်(ပြန်/ဆက်)