ဒေးဒရဲ ဇန်နဝါရီ ၂၁
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဒေးဒရဲမြို့နယ်တွင် မြို့နယ်ပညာရေးဦးစီးဌာနကကြီးမှူး၍ မြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများက ဘာသာရပ်သင် ဆရာ၊ ဆရာမများ စနစ်သစ်စာမေးပွဲတွင် သင်ခန်းစာများ၊ မေးခွန်းပုံစံများကို အသေးစိတ်သိရှိနားလည်စေရန်နှင့် ကျောင်းသား၊ ကျောင်းသူများကို စနစ်တကျ ပြန်လည်ပို့ချပေးနိုင်စေရန် ရည်ရွယ်၍ (Grade-9) ဘာသာရပ်ဆိုင်ရာ မြို့နယ်အဆင့်အလုပ်ရုံဆွေးနွေးပွဲကို ယမန်နေ့ နံနက် ၁၀နာရီအချိန်က အမှတ် (၁) အခြေခံပညာ အထက်တန်းကျောင်းရှိ ကရဝိက်ခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
အဆိုပါ ဆွေးနွေးပွဲတွင် ဒုတိယမြို့နယ်ပညာရေးမှူး ဒေါ်မြင့်မြင့်ခိုင်က ဆွေးနွေးပွဲကျင်းပရခြင်း ရည်ရွယ်ချက်များအား ရှင်းလင်းဆွေးနွေးခြင်းနှင့် လက်ထောက်မြို့နယ်ပညာရးမှူး ဦးကျော်ထူးက ဆွေးနွေးပို့ချမည့် ဘာသာရပ်များနှင့် ပတ်သက်သည့်အကြောင်းအရာများကို ရှင်းလင်းပြောကြားခဲ့ကြောင်း သိရသည်။
အဆိုပါ ဆွေးနွေးပွဲအား နည်းပြဆရာ၊ ဆရာမ (၆)ဦးက (Grade-9) ဘာသာရပ်ဆိုင်ရာ အချက်အလက်များကို ပို့ချသွားမည်ဖြစ်ပြီး မြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများမှ ဘာသာရပ်သင် ဆရာ၊ ဆရာမများ (၁၂၀)ဦးတက်ရောက်လေ့လာလျက်ရှိကြောင်းသိရသည်။
အေဇာလင်း