ညောင်တုန်းမြို့နယ် တူးချောင်းကျေးရွာ အခြေခံပညာအထက်တန်းကျောင်း(ခွဲ)၌ လူငယ်စကားဝိုင်းကျင်းပ

ညောင်တုန်း        ဇန်နဝါရီ      ၂၁

ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ညောင်တုန်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်းကျင်းပသော လူငယ် စကားဝိုင်းကို ဇန်နဝါရီလ ၁၉ ရက်နေ့ နံနက်ပိုင်းက တူးချောင်းကျေးရွာ အခြေခံပညာအထက်တန်း ကျောင်း(ခွဲ)၌ ကျင်းပပြုလုပ်ခဲ့သည်။

ရှေးဦးစွာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၊ အတွင်းရေးမှူးရဲမှူး ကျော်မျိုးထက်က အဖွင့်အမှာစကားပြောကြား၍ ကျောင်းအုပ်ဆရာကြီး ဦးကျော်မျိုးနိုင်က လူငယ်စကားဝိုင်းတွင် ဆွေနွေးပြောကြားသော အကြောင်းအရာများကို ‌တက်‌‌ရောက်လာသည့် ကျောင်းသား၊ ကျောင်းသူများကမှတ်သားလိုက်ကြရန်လို‌‌ကြောင်းအမှာစကား ပြောကြားပြီး မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်တင်တင်လှိုင်က ကျောင်းသား၊ ကျောင်းသူများ အသိပညာဗဟုသုတ တိုးပွားစေရန်နှင့် ဉာဏ်ရည်ဉာဏ်သွေးများ ဖွံ့ဖြိုးတိုးတက်မြင့်မားလာစေရန်၊ ဝိုင်းဖွဲ့ဦးဆောင်ဆွေးနွေးသည့် အလေ့အထများ ရရှိစေရန်၊ မိမိတို့ ပြောကြားလိုသည့် အကြောင်းအရာများကို အချင်းချင်း အပြန်အလှန်ချပြဆွေးနွေးတတ်သည့် အလေ့ကျင့်ကောင်းများ ရရှိစေရန်၊ စဉ်းစား တွေးခေါ် နိုင်မှုစွမ်းရည်များ ရင့်သန်လာပြီး အကောင်းအဆိုး အမှားအမှန်ကို ကိုယ်ပိုင်ဉာဏ်ဖြင့် ချင့်ချိန်၍ ဆုံးဖြတ်ချက်ချမှတ်နိုင်စေရန်နှင့် လူငယ်များ ဗလငါးတန် ပြည့်စုံ၍ အနာဂါတ်နိုင်ငံတော်အတွက် ထူးချွန်ထက်မြက်သော လူတော်လူကောင်းများ ပေါ်ထွက်လာစေရန် ရည်ရွယ်၍ ယခုလို လူငယ်စကားဝိုင်းအား ကျင်းပပြုလုပ်ပေးရခြင်းဖြစ်ကြောင်း ပြောကြားခဲ့သည်။

ထို့နောက် ဦးစီးအရာရှိဒေါ်တင်တင်လှိုင်မှ ဦးဆောင်၍ ကျောင်းသား/ကျောင်းသူများနှင့် အတူ လူငယ်နှင့် စာပေ၊ လူငယ်နှင့် ယဉ်ကျေးမှု၊ လူငယ်နှင့် အားကစား၊ လူငယ်နှင့်မူးယစ်ဆေး၊ လူငယ်နှင့်နည်းပညာ စသည့်ခေါင်းစဉ်များဖြင့် အပြန်အလှန် ဆွေးနွေးခဲ့ရာ တက်ရောက်လာကြသူများ၏ သိရှိလိုသော မေးခွန်းများနှင့် မေးမြန်းချက်များကို ပြန်လည်ဆွေးနွေးခဲ့ကြောင်းသိရသည်။

မြို့နယ်(ပြန်ဆက်)