ပြည်ကြီးတံခွန်မြို့နယ်၊ အ-ထ-က(၃၉) ကျောင်း၌ မြို့နယ်အဆင့်အင်္ဂလိပ်စာစွမ်းရည်မြှင့် သင်တန်းဖွင့်လှစ်

ပြည်ကြီးတံခွန် ဇန်နဝါရီ ၂၁

မန္တလေးတိုင်းဒေသကြီး၊ ပြည်ကြီးတံခွန်မြို့နယ်၊ အ-ထ-က(၃၉)ကျောင်းတွင် ယမန်နေ့ နံနက် ၉ နာရီမှ စတင်၍ ကျောင်းသား/ကျောင်းသူများ အင်္ဂလိပ်စာဘာသာရပ်ကျွမ်းကျင် တတ်မြောက်စွာ သင်ယူနိုင်ရေးအတွက် မြို့နယ်အဆင့် အင်္ဂလိပ်စာစွမ်းရည်မြှင့်သင်တန်းဖွင့်လှစ်ပို့ချခဲ့ကြောင်း သိရသည်။

အဆိုပါသင်တန်းတွင် မြို့နယ်ပညာရေးမှူးဒေါ်နှင်းမူနှင့် ဒုတိယမြို့နယ်ပညာရေးမှူး ဦးအောင်သန်းထွန်းတို့က အနီးကပ်ကြီးကြပ်၍ ခရိုင်အဆင့်အင်္ဂလိပ်စာစွမ်းရည်မြှင့်သင်တန်းသူ ဆရာ/ဆရာမများက နည်းပြများအဖြစ်ဆောင်ရွက်ကာ မြို့နယ်အတွင်းရှိ အခြေခံပညာ မူလတန်း၊ အလယ်တန်း၊ အထက်တန်းပြဆရာ/ဆရာမများနှင့် လယ်ဆင့်အင်္ဂလိပ်စာ သင်ဆရာ/ဆရာမ (၂၈၀)ဦးတို့အား သင်ကြားပို့ချသည်။

ထို့နောက် အဆိုပါသင်တန်းကာလမှာ ဇန်နဝါရီလအတွင်း စနေနေ့နှင့်တနင်္ဂနွေနေ့ရက်များ ပို့ချသွားမည် ဖြစ်ကြောင်းသိရသည်။

ခရိုင်(ပြန်/ဆက်)