ပြည်ကြီးတံခွန်မြို့နယ်၌ မြန်မာအီလက်ထရောနစ်မဲပေးစက်ဖြင့် လက်တွေ့သရုပ်ပြ စမ်းသပ်မဲပေး

ပြည်ကြီးတံခွန် ဇန်နဝါရီ  ၂၁

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်၏ လမ်းညွှန်မှုဖြင့်မန္တလေး တိုင်းဒေသကြီး၊ ပြည်ကြီးတံခွန်မြို့နယ် အ-ထ-က(၂၇)ကျောင်းရှိ အောင်တံခွန်ခန်းမတွင် ယမန်နေ့နံနက် ၉ နာရီမှစတင်၍ မြန်မာအီလက်ထရောနစ်မဲပေးစက် (MYANMAR ELECTRONIC VOTING MACHINE) (MEVM)အသုံး ပြု၍ လက်တွေ့သရုပ်ပြစမ်းသပ်မဲပေးလေ့လာခြင်း အသိပညာပေး လုပ်ငန်းဆောင်ရွက်ခဲ့ကြောင်းသိရသည်။

ရှေးဦးစွာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်ဦးသောင်းနိုင်က အဖွင့်အမှာစကားပြောကြားပြီး ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်မှ လက်ထောက်ညွှန်ကြားရေးမှူးဦးကျော်သန်းက မြန်မာအီလက်ထရောနစ်မဲပေးစက်(MEVM)အကြောင်းရှင်းလင်းဆွေးနွေးသည်။

ထို့နောက်တက်ရောက်လာကြသည့် မြို့နယ်အဆင့်ဌာန ဆိုင်ရာအကြီးအကဲများ၊ မြို့နယ်ပညာ ရေးမှူးရုံးမှဒုတိယမြို့နယ်ပညာရေးမှူး ဦးအောင်သန်းထွန်းနှင့် ကျောင်းအုပ်ဆရာကြီး/ ဆရာမကြီးများ၊ နိုင်ငံရေးပါတီများမှ ပါတီဝင်များနှင့် မဲဆန္ဒရှင်ပြည်သူများက မြန်မာအီလက်ထရော နစ်မဲပေးစက်ဖြင့်  လက်တွေ့သရုပ်ပြ စမ်းသပ်မဲပေးကြပြီးမဲပေးမှုနှင့် ပတ်သက်ပြီး သိရှိလိုသည်များ မေးမြန်းကြရာ တာဝန်ရှိသူများက ပြန်လည်ဖြေကြားခဲ့သည်။ ဆက်လက်၍ လက်တွေ့ သရုပ်ပြမဲပေးခြင်းကို ဇန်နဝါရီ ၂ဝရက်နေ့မှ၂၁ရက်နေ့ထိ၊နံနက် နေ့လည်(၂)ချိန်ခွဲ၍ မဲဆန္ဒရှင်ပြည်သူပေါင်း(၈၇၂)ဦးတို့ဖြင့် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း မြို့နယ်ရွေးကောက်ပွဲအရာရှိ ဦးမင်းစိုးနိုင် ပြောကြားချက်အရသိရသည်။

ခရိုင်(ပြန်/ဆက်)