ဝေါမြို့တွင် ၂၀၂၄ခုနှစ် လူဦးရေနှင့် အိမ်အကြောင်းအရာသန်းခေါင်စာရင်း ကောက်ယူခြင်း မြို့နယ်အဆင့် စာရင်းစစ်/ စာရင်းကောက် လုပ်ငန်းညှိနှိုင်းအစည်းအဝေး ကျင်းပ

ပဲခူးတိုင်းဒေသကြီး၊ ပဲခူးခရိုင်၊ ဝေါမြို့နယ်တွင် ၂၀၂၄ခုနှစ် လူဦးရေနှင့်အိမ်အကြောင်းအရာသန်းခေါင်စာရင်း ကောက်ယူခြင်း မြို့နယ်အဆင့် စာရင်းစစ်/စာရင်းကောက်လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက် (၁၀) နာရီအချိန်က မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမတွင် ကျင်းပပြုလုပ်ခဲ့သည်။

မင်းလှမြို့နယ် မလွန်အခြေခံပညာအထက်တန်းကျောင်း၌ လူငယ်စကားဝိုင်း ကျင်းပ

မကွေးတိုင်းဒေသကြီး၊သရက်ခရိုင်၊မင်းလှမြို့နယ်တွင်လူငယ်များဗလငါးတန်နှင့်ပြည့်စုံပြီး အသိပညာဗဟုသုတတိုးပွား‌စေရန်၊ နှုတ်မှုစွမ်းရည်တိုးတက်စေရန်၊လူငယ်များအချင်းချင်း ပူးပေါင်းဆောင်ရွက်တတ်သည့် အလေ့အကျင့်ကောင်းများရရှိစေရန်၊ စာကြည့်တိုက်နှင့် ရင်းနှီးကျွမ်းဝင်‌စေရန်၊ စဉ်းစားတွေးခေါ်မှုစွမ်း ရည်များရင့်သန်လာစေရန်၊ ကိုယ်ကျင့်တရားကောင်းမွန်သည့် လူတော်လူကောင်းများ ပေါ်ထွန်းလာစေရန်ရည်ရွယ်၍ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်းကျင်းပသည့် လူငယ်စကားဝိုင်းကို ယနေ့နံနက် (၉)  နာရီက မလွန်အခြေခံပညာအထက်တန်းကျောင်း မြဧရာခန်းမ၌ ကျင်းပခဲ့သည်။

ကြံခင်းမြို့နယ် အခြေခံပညာအထက်တန်းကျောင်း (ချင်းမြောင်) တွင် "ဆေးလိပ်နှင့် ဆေးရွက်ကြီးလွှမ်းမိုးမှုအန္တရာယ် သတိပြုကာကွယ် တို့လူငယ်"ခေါင်းစဉ်ဖြင့်  စာစီစာကုံးပြိုင်ပွဲနှင့် ဆုချီးမြှင့်ပွဲအခမ်းအနား ကျင်းပ

ဧရာဝတီတိုင်းဒေသကြီး၊  မြန်အောင်ခရိုင်၊ ကြံခင်းမြို့နယ်၊ အခြေခံပညာအထက်တန်းကျောင်း (ချင်းမြောင်)၌ ပြည်သူ့ကျန်းမာရေးဖောင်ဒေးရှင်း၏ကူညီပံ့ပိုးမှုဖြင့် မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ပူးပေါင်းပြီး " ဆေးလိပ်နှင့် ဆေးရွက်ကြီး လွှမ်းမိုးမှုအန္တရာယ် သတိပြုကာကွယ် တို့လူငယ်"ခေါင်းစဉ်ဖြင့် စာစီစာကုံးပြိုင်ပွဲကို ယနေ့နံနက်ပိုင်းက​ ပညာရတနာခန်းမတွင် ကျင်းပပြုလုပ်သည်။

လယ်ဝေးမြို့နယ်အတွင်း ရေနစ်မြုပ်ခဲ့သည့် အခြေခံပညာကျောင်းများတွင် စုပေါင်းသန့်ရှင်းရေး ဆောင်ရွက်

ပြည်​ထောင်စုနယ်မြေ၊ လယ်ဝေးမြို့နယ် အတွင်း စစ်တောင်းမြစ်ရေဝင်ရောက်မှုကြောင့် ရေနစ်မြုပ်မှုများဖြစ်ပေါ်ခဲ့သည့် အခြေခံပညာကျောင်းများ  ပြန်လည်ဖွင့်လှစ်နိုင်ရေးအတွက် စက်တင်ဘာ ၁၉ရက်မှစတင်၍ သန့်ရှင်းရေးများ ဆောင်ရွက်လျက်ရှိသည်။

ငရုတ်ကောင်းမြို့၊ အ-လ-က (ရေကျော်) တွင် စာဖတ်ရှိန်မြှင့်တင်ရေး လူငယ်စကားဝိုင်း ကျင်းပ

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ငရုတ်ကောင်းမြို့၊ ရေကျော်ကျေးရွာအုပ်စုရှိ အ-လ-က (ရေကျော်) စာသင်ကျောင်းတွင် ယနေနေ့လည်ပိုင်းက ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်းကျင်းပသော စာဖတ်ရှိန်မြှင့်တင်ရေး လူငယ်စကားဝိုင်း ပြုလုပ်ဆောင်ရွက်ခဲ့ကြသည်။

တောင်ငူမြို့နယ် ရေဘေးသင့်ပြည်သူများအတွက် ထောက်ပံ့ပစ္စည်းများ ပေးအပ်လှူဒါန်း

သန်လျင်ခရိုင်၊ သန်လျင်မြို့နယ် နာရေးကူညီမှုအသင်း သဘာဝဘေးကူညီကယ်ဆယ်ရေးအဖွဲ့မှ ဦးဆောင်၍ ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ တောင်ငူမြို့နယ် စစ်တောင်းမြစ်အရှေ့ဘက်ခြမ်းရှိ ရေဘေးသင့်ပြည်သူအိမ်ထောင်စု (၇၀၀) အတွက် အလှူငွေ၊ အာဟာရ၊ ထောက်ပံ့ပစ္စည်းဆေးဝါးများကို သွားရောက်လှူဒါန်းမည်ဖြစ်ကြောင်း သိရသည်။

ကချင်ပြည်နယ်ဝန်ကြီးချုပ် မချမ်းဘောမြို့နယ်အတွင်း နိုင်ငံ့စီးပွားမြှင့်တင်ရေး ရန်ပုံငွေဖြင့်စိုက်ပျိုး မွေးမြူရေးလုပ်ငန်းများ တိုးမြှင့်ဆောင်ရွက်နိုင်ရေး ကွင်းဆင်းကြည့်ရှုစစ်‌ဆေး

ကချင်ပြည်နယ်၊ပူတာအိုခရိုင်အတွင်း စားရေရိက္ခာဖူလုံရေးအတွက် ဆန်နှင့် ဆီထွက်သီးနှံများ ပိုမိုတိုးချဲ့စိုက်ပျိုးထုတ်လုပ်နိုင်ရေးအတွက် ပူတာအိုမြို့၌ရောက်ရှိသော ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်သည် တာဝန်ရှိသူများနှင့်အတူ ယမန်နေ့နံနက် ၈ နာရီက မချမ်းဘော မြို့နယ်သို့ သွား‌ရောက်ခဲ့ကြပြီး နိုင်ငံ့စီးပွားမြှင့်တင်ရေး ရန်ပုံငွေဖြင့် ဆောင်ရွက်သော စိုက်ပျိုးမွေးမြူရေးလုပ်ငန်းများကို ကွင်းဆင်းစစ်ဆေးခဲ့ကြသည်။
Subscribe to