ဝန်ထမ်း‌စွမ်းဆောင်ရည်မြှင့်တင်ရေး စိုက်ပျိုးနည်းပညာပေးသင်တန်းဖွင့်လှစ်

လေရှီး        ဇန်နဝါရီ   ၂၁

နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ လေရှီးမြို့တွင် စိုက်ပျိုးရေးဦးစီးဌာန၊ မြို့နယ်ဦးစီးမှူးရုံးတွင် ဝန်ထမ်းစွမ်းဆောင်ရည်မြှင့်တင်ရေးစိုက်ပျိုးနည်း ပညာပေးသင်တန်းဖွင့်လှစ်ခဲ့ရာ ရှေးဦးစွာ စစ်ကိုင်းတိုင်းဒေသကြီး၊ စိုက်ပျိုးရေးဦးစီးဌာန၊ တိုင်းဒေသကြီးဦးစီးမှူးရုံးမှ လက်ထောက် ညွှန်ကြားရေးမှူး ဒေါက်တာတင်မာမာဦးက အဖွင့်အမှာစကားပြောကြားခဲ့သည်။ ထို့နောက် စိုက်ပျိုးရေးဦးစီးဌာန၊ နာဂဒေသဦးစီးမှူး ဦးသိန်းထွန်းတင်မှ သင်တန်းဖွင့်လှစ်ရခြင်း ရည်ရွယ်ချက်များအား ရှင်းလင်းပြောကြားကာ စိုက်ပျိုးရေးဆိုင်ရာပညာ ပေးစာအုပ်/ စာစောင်များ၊ သင်ထောက်ကူပစ္စည်းများ၊ လယ်ယာစီးပွားဂျာနယ်များ ထောက်ပံ့ပေးအပ်ခဲ့သည်။

ထို့နောက် သင်တန်းအားဆက်လက်ကျင်းပခဲ့ရာ ဒေါက်တာတင်မာမာဦးမှ စိုက်ပျိုးရေးပညာပေး ဆိုင်ရာ သိကောင်းစရာများကိုလည်းကောင်း၊ ခန္တီးခရိုင်စိုက်ပျိုးရေးဦးစီးဌာနမှ ခရိုင်မျိုး စေ့တာဝန်ခံ ဦးဝင်းကျော်ထွန်းမှ နှစ်ရှည်စားသီးနှံပင်များအား စနစ်တကျပြုစုထိန်းသိမ်းခြင်း နည်းပညာများကိုလည်းကောင်း၊ တိုင်းဒေသကြီးဦးစီးမှူးရုံးမှဦးစီးအရာရှိ ဒေါ်ထားအိအိလှိုင်မှ သီးနှံများပန်းတိုင်အထွက်ရရှိရေး လိုက်နာဆောင်ရွက်ရမည့် နည်းလမ်းများကိုလည်းကောင်း၊ တိုင်းဒေသကြီးဦးစီးမှူးရုံး ဒုတိယဦးစီးမှူးဦးနေသူရဇော်မှ စိုက်ပျိုးရေးဆောင်းပါးရေးသား နည်းစနစ်များကိုလည်းကောင်း၊ တိုင်းဒေသကြီးဦးစီးမှူးရုံးမှ ဒုတိယဦးစီးမှူးဒေါ်မော်မော်စိုးမှ မြေနမူနာယူခြင်းနှင့် မြေချဉ်ငံကိန်းတိုင်းတာခြင်း နည်းစနစ်များကိုလည်းကောင်း အသီးသီးဆွေးနွေးပို့ချခဲ့ကြသည်။

ထို့နောက်တက်ရောက်လာကြသော နာဂဒေသစိုက်ပျိုးရေးဦးစီးဌာန မြို့နယ်အသီးသီးမှ ဝန်ထမ်းများကလည်း သိရှိလိုသည်များကို မေးမြန်းဆွေးနွေးခဲ့ကြသည်။ သင်တန်းတွင် လေရှီးမြို့နယ်၊ လဟယ်မြို့နယ်၊ နန်းယွန်းမြို့နယ် စိုက်ပျိုးရေးဦးစီးဌာနများမှ သင်တန်းသား/သင်တန်းသူ စုစုပေါင်း (၃၀)ဦးတက်ရောက်ခဲ့ကြောင်းသိရသည်။

လေရှီး (မြို့နယ်ပြန်/ဆက်)