မိုင်းယုမြို့၌ စာဖတ်ရှိန်မြှင့်တင်ရေး စာဖတ်သူများထံ စာအုပ်စာစောင်များ ငှားရမ်းပေး

မိုင်းယု ဇန်နဝါရီ ၁၉

ရှမ်းပြည်နယ်(အရှေ့ပိုင်း) မိုင်းယောင်းခရိုင်၊ မိုင်းယုမြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနသည် စာပေချစ်မြတ်နိုးသူ စာဖတ်ဝါသနာရှင်များထံ စာအုပ်စာစောင်များ ကွင်းဆင်းငှားရမ်းပေးခြင်းကို ယနေ့နံနက်ပိုင်းက နယ်လှည့်စာကြည့်တိုက် Mobile Library ဖြင့် .ထ.က(ကျောင်း)သို့ ကွင်းဆင်းငှားရမ်းပေးခဲ့သည်။

ကွင်းဆင်းငှားရမ်းပေးခြင်းကို ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဒုတိယဦးစီးမှူး ဦးအားချာနှင့် ဝန်ထမ်းများက သုတ၊ ရသစာအုပ်များ သယ်ဆောင်ပြီး စာဖတ်သူ ကျောင်းသား/သူများ ကြိုက်နှစ်သက်သည့် စာအုပ်များငှားရမ်းဖတ်ရှုနိုင်ရန် ခင်းကျင်းပြသပြီး ငှားရမ်းပေးခြင်း၊ ငှားရမ်းပြီးသည့် စာအုပ်များအား ပြန်လည်အပ်နှံရယူခြင်းကို ဆောင်ရွက်ခဲ့ကြသည်။

ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနသည် စာဖတ်ရှိန်မြှင့်တင်ရေး နယ်လှည့်စာကြည့်တိုက် Mobile Library ဖြင့် စာသင်ကျောင်း၊ ဌာနဆိုင်ရာရုံးများနှင့် ပြည်သူများ စာအုပ်စာပေဖတ်ရှုသည့် အလေ့အကျင့်ကောင်းများ ရရှိနိုင်ရန်၊ စာအုပ်များကို အလွယ်တကူ ငှားရမ်းဖတ်ရှုနိုင်ရန်တို့အတွက် စာဖတ်သူများထံ အခမဲ့သွားရောက်ငှားရမ်းပေးခြင်းဖြစ်ကြောင်း သိရသည်။

အားချာ