ဘိုကလေး ဇန်နဝါရီ ၁၉
မြို့နယ်တွင်း မီးဘေးအန္တရာယ်ကင်းဝင်းစေရေးနှင့် မီးလောင်မှုဖြစ်ပွားပါက လျင်မြန်ထိရောက်စွာ ငြှိမ်းသတ်နိုင်ရေးအတွက် ဧရာဝတီတိုင်း ဒေသကြီး၊ ဖျာပုံခရိုင်၊ ဘိုကလေးမြို့နယ် မီးသတ်ဦးစီးဌာန၏ မီးသတ်စခန်းတွင် ယမန်နေ့ နေ့လယ်(၁)နာရီခွဲအချိန်၌ မြို့နယ်မီးသတ်ဦးစီးမှူး ဦးထွန်းအောင် ဦးဆောင်၍ သန္ဓေတပ်ဖွဲ့ဝင်များနှင့်အတူ မီးငြှိမ်းသတ်စက်ငယ်ဖြင့် မီးငြှိမ်းသတ်မှုနည်းလမ်းအား လေ့ကျင့်ဆောင်ရွက်ခဲ့ကြသည်။
ထို့အပြင် မီးဘေးလုံခြုံမှုရှိစေရေး၊ မီးလောင်မှုမဖြစ်ပွားစေရေးတို့ ရည်ရွယ်ကာ ဘိုကလေးမြို့နယ်၊ စက်ဆန်းကျေးရွာအုပ်စုရှိ နယ်မြေမီးသတ် စခန်းတွင် နယ်မြေမီးသတ်စခန်းမှူးမှ တပ်ဖွဲ့ဝင်များ၊ အရန်မီးသတ်တပ်ဖွဲ့ဝင်များ၊ ပြည်သူများနှင့် တွေ့ဆုံ၍ မီးဘေးအန္တရာယ်တားဆီး ကာကွယ်ရေးနည်းလမ်းများ၊ မီးလောင်မှုဖြစ်ပွားရသည့်အကြောင်းအရင်းများအား အကျယ်တဝင့်ဟောပြောအသိပညာပေးခဲ့ကြောင်း သိရသည်။
မိုးစက်(ဘိုကလေး)