စမ်းချောင်းမြို့နယ်၊ လူထုအခြေပြု ဗဟိုဌာန၌ ပုံပြင်ပြောပြိုင်ပွဲ၊ စာအုပ်ပြပွဲနှင့် နံရံကပ်စာစောင်ပြပွဲကျင်းပ

စမ်းချောင်း ဇန်နဝါရီ ၁၉

ရန်ကုန်တိုင်းဒေသကြီး၊ အလုံခရိုင် စမ်းချောင်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာ (Community Centre) ခန်းမ၌ ယမန်နေ့မွန်းလွဲ (၁:၀၀)နာရီက ပုံပြင်ပြောပြိုင်ပွဲ ကျင်းပခဲ့ကြောင်း သိရသည်။

ပြိုင်ပွဲတွင် ကျောင်းသား/ကျောင်းသူများအား ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်ဖြူသွယ်ထွန်းက ပြိုင်ပွဲများ ဆောင်ရွက်ပေးခြင်းဖြင့် ကျောင်းသား/ ကျောင်းသူများ ပြည်သူ့စာကြည့်တိုက်နှင့် ပိုမိုရင်းနှီးမှုရှိစေရန်၊ ဉာဏ်ရည်ဉာဏ်သွေး ထက်မြတ်စေပြီး ပူးပေါင်းဆောင်ရွက်သည့် အလေ့အကျင့်ကောင်းများ ရရှိစေရန်၊ ဗဟုသုတတိုးပွားစေရန် စာဖတ်သည့် အလေ့အကျင့်ကောင်းများရရှိစေရန် ရည်ရွယ်၍ ပြိုင်ပွဲများအား ဆောင်ရွက်ပေးခြင်းဖြစ်ကြောင်း ပြောကြားခဲ့သည်။

အဆိုပါပြိုင်ပွဲသို့ အ.မ.က (၁၃) စမ်းချောင်းမှ ကျောင်းသား/ ကျောင်းသူ (၁၀)ဦး ဝင်ရောက် ယှဉ်ပြိုင်ကြပြီး၊ ပြိုင်ပွဲတွင် ဆုရရှိကြသော ကျောင်းသားကျောင်းသူများအား အမှတ်တရ လက်ဆောင်များအား ပေးအပ်ခဲ့ပြီး ကျောင်းသား  ကျောင်းသူလေးများက ပြသထားသော အသိပညာပေး နံရံကပ်စာစောင်နှင့် စာအုပ်စာစောင်များအား စိတ်ပါဝင်စားစွာ လေ့လာကြည့်ရှုခဲ့ကြကြောင်း သိရသည်။

ဖြူသွယ်ထွန်း