ဝမ်းတွင်းမြို့နယ်၌ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး ဉာဏ်စမ်းပဟေဠိပြိုင်ပွဲနှင့် စာအုပ်စာစောင်ပြပွဲများ ကျင်းပ

ဝမ်းတွင်း ဇန်နဝါရီ ၁၉

မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာခရိုင်၊ ဝမ်းတွင်းမြို့နယ်၌ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး ဉာဏ်စမ်းပဟေဠိပြိုင်ပွဲနှင့် စာအုပ်စာစောင်ပြပွဲများကို ယနေ့နံနက် (၉) နာရီအချိန်က လူထုအခြေပြုဗဟိုဌာနတွင် ကျင်းပပြုလုပ်ခဲ့သည်။

ရှေးဦးစွာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိ ဒေါ်မူမြစောက သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး ဉာဏ်စမ်းပဟေဠိပြိုင်ပွဲ ကျင်းပပြုလုပ်ပေးရခြင်း၏ ရည်ရွယ်ချက်များကို ရှင်းလင်းပြောကြားခဲ့သည်။ ထို့နောက် ကျောင်းအုပ်ဆရာကြီး ဦးဟန်ဝင်းအောင်က သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး ဉာဏ်စမ်းပဟေဠိပြိုင်ပွဲနှင့် ပတ်သက်၍ အမှတ်ပေးစည်းမျဥ်းများကို ရှင်းလင်းပြောကြားခဲ့သည်။ ဆက်လက်၍ ပြိုင်ပွဲကိုကျင်းပခဲ့ရာ ပြိုင်ပွဲတွင် ပထမဆု၊ ဒုတိယဆု၊ တတိယဆု ရရှိသည့် ကျောင်းသားကျောင်းသူများအား ဦးစီးအရာရှိ ဒေါ်မူမြစောနှင့် ကျောင်းအုပ်ဆရာကြီး ဦးဟန်ဝင်းအောင် ဆရာမများက ဆုများအသီးသီး ပေးအပ်ချီးမြှင့်ခဲ့သည်။

အဆိုပါ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး ဉာဏ်စမ်းပဟေဠိပြိုင်ပွဲကို ကျောင်းသား ကျောင်းသူများအား ဗလငါးတန် ဖွံ့ဖြိုးတိုးတက်စေရန် ရည်ရွယ်၍ ကျင်းပပြုလုပ်ပေးခြင်းဖြစ်ပြီး အခြေခံပညာမူလတန်းလွန်ကျောင်း အမှတ်-၄ မှ ကျောင်းအုပ်ဆရာကြီးနှင့် ဆရာ/ဆရာမများ ကျောင်းသား/သူများ တက်ရောက်ခဲ့ကြကာ ခင်းကျင်းပြသထားသော စာအုပ်စာစောင်ပြပွဲ၊ နံရံကပ်စာစောင်ပြပွဲများကို စိတ်ဝင်တစား ကြည့်ရှုခဲ့ကြသည်။

ကိုရဲ (ဝမ်းတွင်း)