မိုးညိုမြို့နယ်၌ မီးဘေးသင့်နေအိမ်မိသားစုအား ထောက်ပံ့ငွေနှင့်ပစ္စည်းများ ကျေးရွာအရောက်သွားရောက်ထောက်ပံ့

မိုးညို  ဇန်နဝါရီ  ၁၉

ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ မိုးညိုမြို့နယ်၊ သာယာကုန်းကျေးရွာအုပ်စု၊ တောင်ဇင်းကျေးရွာတွင် ဖြစ်ပွားခဲ့သော မီးဘေးသင့်နေအိမ် (၁)လုံးမှ မိသားစုအား ထောက်ပံ့ငွေနှင့် ပစ္စည်းများကို ယမန်‌နေ့ညနေ ၃ နာရီက ကျေးရွာအရောက် သွားရောက်ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။

ထိုသို့ သွား‌ရောက်ထောက်ပံ့ပေးအပ်ရာတွင် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဒုတိယဦးစီးမှူးနှင့် ဝန်ထမ်းများ၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာနမှ ဝန်ထမ်းများ၊ မြို့နယ်မီးသတ်တပ်ဖွဲ့မှ တာဝန်ရှိသူများ၊ ကျေးရွာအုပ်ချုပ်ရေးမှူးနှင့် စာ‌ရေးဝန်ထမ်းတို့က လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာနမှ ထောက်ပံ့ပေးအပ်သည့်  မီးဘေးသင့်ပျက်စီးနေအိမ် (၁)လုံးအတွက် အိမ်ဆောက်ပစ္စည်းဖိုးထောက်ပံ့‌ငွေ (၁၀၀၀၀၀/-)ကျပ်၊ အိမ်ထောင်စု (၁)စုရှိ လူဦးရေ (၄)ဦးအတွက် ဆန်ရိက္ခာ(၇)ရက်စာဖိုးထောက်ပံ့ငွေ (၈၄၀၀/-)ကျပ်၊ စုစုပေါင်းထောက်ပံ့ငွေ (၁၀၈၄၀၀/-)ကျပ်နှင့် ပျက်စီးနေအိမ် (၁)လုံးအတွက် ထောက်ပံ့ရေးပစ္စည်း (၁၆)မျိုး (ပလပ်စတစ်ပုံး) အပါ (၁)အိမ်ထောင်စုစာ၊ တန်ဖိုးငွေ (၄၆၀၃၆/-)ကျပ်တို့အား မီး‌ဘေးသင့်ပြည်သူ လက်ဝယ်အရောက် သွား‌ရောက်ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။

ကိုမင်း(ပြန်/ဆက်)