လဟယ် ဇန်နဝါရီ ၁၉
စစ်ကိုင်းတိုင်းဒေသကြီး၊ နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ လဟယ်မြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လဟယ်မြို့ Community Centre ခန်းမတွင် Book club နှင့် စာဖတ်ဝိုင်းကို ယမန်နေ့ညနေ(၀၃:၀၀)နာရီအချိန် ကျင်းပပြုလုပ်ပါသည်။
ရှေးဦးစွာလဟယ်မြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဒုတိယဦးစီးမှူးဒေါ်နန်းမဉ္ဇူအေးက စာဖတ်ဝိုင်းကျင်းပရခြင်း၏ ရည်ရွယ်ချက်ကို ရှင်းလင်းပြောကြားပါသည်။ ၎င်းနောက်စာရေးဆရာသတိုးနွယ်၏ အောင်မြင်သူတို့ရဲ့ ခြေလှမ်းများ စာအုပ်မှ မအိကျန်ခါးလိုင်က “အကျင့်စရိတ္တနှင့်ပျော်ရွှင်မှု” ခေါင်းစဉ်ဖြင့်လည်းကောင်း၊ မောင်လောင်ဝီက “စည်းကမ်းနဲ့အောင်မြင်မှု” ခေါင်းစဉ်ဖြင့်လည်းကောင်း၊ မသီကိုင်က “အခွင့်အရေးနှင့်အောင်မြင်မှု” ခေါင်းစဉ်ဖြင့်လည်းကောင်း အသီးသီးဖတ်ကြားခဲ့ကြပြီး ဒုတိယဦးစီးမှူးဒေါ်နန်းမဉ္ဇူအေးက လိုအပ်ချက်များကို ဖြည့်စွတ်ဖတ်ကြားကာ Book club မှစာပေဝါသနာရှင်များက အပြန်အလှန်ဆွေးနွေးခဲ့ကြကြောင်း သိရှိရပါသည်။
လဟယ် (ပြန်/ဆက်)