လားရှိုး ဇန်နဝါရီ ၁၉
ရှမ်းပြည်နယ်(မြောက်ပိုင်း)လားရှိုးမြို့၏ အထင်ကရနေရာတစ်ခုဖြစ်သည့် ရေပူစမ်းသို့ သွားရောက်ရာလမ်းရှိ သစ်သားတံတား ပြင်ဆင်ပြီးစီးပြီဖြစ်သဖြင့် ပြည်သူများအနေဖြင့် အဆင်ပြေပြေ သွားရောက်လည်ပတ်နိုင်ကြပြီဖြစ်ကြောင်း သိရသည်။
ရေပူစမ်းသို့ သွားရောက်ရာလမ်းရှိ သစ်သားတံတားသည် ကျဉ်းမြောင်းလှပြီး ကားနှစ်စင်းရှောင်ရန် ခက်ခဲသဖြင့် အသစ်ပြန်လည် ပြင်ဆင်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
“အရင်ကတော့ ဒီသစ်သားတံတားပေါ် ကားနှစ်စီးရှောင်တိမ်းပြီး သွားလို့မရသလို တံတားဖွဲ့စည်းပုံကလည်း မော်တော်ယာဉ်တွေ၊ မော်တော်ဆိုင်ကယ်တွေ ဖြတ်သန်းသွားလာရတာ အဆင်မပြေလှဘူး။ အခုတော့ အဆင်ပြေပြေသွားလာနိုင်ပါပြီ။” ဟု ဒေသခံတစ်ဦးက ပြောသည်။
လားရှိုးမြို့ရှိ ရေပူစမ်းအပန်းဖြေစခန်းသည် ဒေသ၏ အထင်ကရနေရာတစ်ခုဖြစ်ပြီး ရပ်နီးရပ်ဝေးမှ ခရီးသွားဧည့်သည်များ၊ ဒေသခံများအနေဖြင့် ဆောင်းတွင်းကာလနေ့ရက်များတွင် ရေပူစိမ်ခြင်း၊ ရေပူချိုးခြင်းများဖြင့် အပန်းဖြေသွားရောက်ကြသည့်နေရာဖြစ်ကြောင်း သိရသည်။
စိုင်းထွန်း(လားရှိုး)