ရွှေတောင်မြို့နယ်တွင် အ.မ.ကရှင်ညိုကျောင်း၌  နယ်လှည့်စာကြည့်တိုက်၊ နံရံကပ်စာစောင်ပြပွဲနှင့် အသိပညာပေးဟောပြောပွဲကျင်းပ

ရွှေတောင် ဇန်နဝါရီ ၁၉

ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ရွှေတောင်မြို့နယ်၊ မဲတောအုပ်စု၊ အ.မ.က ရှင်ညိုကျောင်းတွင် ယမန်နေ့ နေ့လယ်ပိုင်းက ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ စားသုံးသူရေးရာဦးစီးဌာန၊ အားကစားနှင့်ကာယပညာဦးစီးဌာနတို့ပူးပေါင်း၍  နယ်လှည့်စာကြည့်တိုက်၊ နံရံကပ်စာစောင်ပြပွဲနှင့်လူငယ်ရေးရာအသိပညာပေးဟောပြောပွဲကို ကျင်းပခဲ့သည်။

ရှေးဦးစွာ ရှင်ညိုအခြေခံပညာမူလတန်းကျောင်း ကျောင်းအုပ်ဆရာမကြီးဒေါ်ခင်ဌေးမြင့်က အဖွင့်အမှာစကားပြောကြားပြီး ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိဒေါ်ငြိမ်းငြိမ်းသန့်က ကျောင်းသား၊ ကျောင်းသူများအားလူငယ်နှင့် စာဖတ်ခြင်း၊  မူးယစ်ဆေးဝါးအန္တရာယ်တားဆီးကာကွယ်ရေး အသိပညာပေးနှင့် ကလေးအလုပ်သမားပပျောက်ရေး အသိပညာများအကြောင်းကို ရှင်းလင်းဟောပြောခဲ့သည်။ ဆက်လက်၍ စားသုံးသူရေးရာဦးစီးဌာန၊ ဒုတိယဦးစီးမှူးဒေါ်ယဥ်ယဥ်ဆင့်က စားသုံးသူနှင့်ပတ်သက်သော စားသုံးသူ၏ အဓိပ္ပာယ်၊ တာဝန်နှင့် ကုန်အညွှန်းအမှတ်အသား(၈)ချက်၊ အားကစားနှင့်ကာယပညာဦးစီးဌာန၊ မြို့နယ်ဦးစီးမှူးဒေါ်ခင်နုနုဖြိုးက အားကစားပြုလုပ်ခြင်း၏ အကျိုးကျေးဇူးများနှင့် နွေရာသီအားကစားသင်တန်းဖွင့်လှစ်မည့်အစီအစဉ်များ ဟောပြောဆွေးနွေးခဲ့ပြီး မြန်မာ့သိုင်း(၆၃)ကွက်ဖြင့် အားကစားလေ့ကျင့်ခန်းများ လက်တွေ့သရုပ်ပြသပေးခြင်း၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဒု-ဦးစီးမှူးဒေါ်နွေးဒါလီနိုင်က "လှစေတဲ့အရာ" ရုပ်ပုံစာအုပ်ဖြင့် ပုံပြင်ကိုကျောင်းသား၊ ကျောင်းသူလေးများအား ပြော​ပြပေးခဲ့သည်။

ဆက်လက်၍ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ နည့်လှည့်စာကြည့်တိုက်အဖြစ် ယူဆောင်လာသော စာအုပ်စာစောင်များ ဖတ်ရှုစေခြင်းနှင့် ကျောင်းသား၊ ကျောင်းသူလေးများကို လူကုန်ကူးမှုတိုက်ဖျက်ရေးနေ့အထိမ်းအမှတ် နံရံကပ်စာစောင်၊ မူးယစ်ဆေးဝါးအန္တရာယ် အသိပညာပေး နံရံကပ်စာစောင်၊ ကလေးအလုပ်သမားပပျောက်ရေးနံရံကပ်စာစောင်များပြသရာ ကျောင်းသား၊ ကျောင်းသူများမှ စိတ်ပါဝင်စားစွာ ကြည့်ရှုလေ့လာခဲ့ကြောင်း သိရသည်။

ကိုကိုမင်း(ပြန်/ ဆက်)