နတ်တလင်းမြို့နယ်၌ ၂၀၂၄ ခုနှစ် လူဦးရေနှင့်အိမ်အကြောင်းအရာ သန်းခေါင်စာရင်း ကောက်ယူနိုင်ရေးအတွက် အဆောက်အအုံ မှတ်တမ်းတင်ခြင်းလုပ်ငန်းဆောင်ရွက်

နတ်တလင်း ဇန်နဝါရီ ၁၉

ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းခရိုင်၊ နတ်တလင်းမြို့နယ်၌ ၂၀၂၄ ခုနှစ် လူဦးရေနှင့်အိမ်အကြောင်းအရာ သန်းခေါင်စာရင်းကောက်ယူနိုင်ရေးအတွက် ကြိုတင်ပြင်ဆင်ခြင်းလုပ်ငန်းတစ်ရပ်ဖြစ်သည့် အဆောက်အအုံမှတ်တမ်းတင်ခြင်းလုပ်ငန်းကို ယမန်နေ့ နံနက်ပိုင်းကစတင်၍ မြို့မရပ်ကွက်၊ ရွာမရပ်ကွက်တို့တွင် ဆောင်ရွက်ခဲ့သည်။

ထို့သို့ဆောင်ရွက်ရာတွင် နတ်တလင်းမြို့နယ်မြို့မရပ်ကွက်တာပွန်လမ်းနှင့် ရွာမရပ်ကွက် ရန်ကုန်-ပြည်လမ်း Cencus Unit တွင် သန်းခေါင်စာရင်းကောက်ယူနိုင်ရေးအတွက် ကြိုတင်ပြင်ဆင်ခြင်းလုပ်ငန်းဖြစ်သည့် အဆောက်အအုံမှတ်တမ်းတင်ခြင်းလုပ်ငန်းကို လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန နတ်တလင်းမြို့နယ်ရုံးမှ မြို့နယ်ဦးစီးမှူးဦးအောင်သူနှင့်ဝန်ထမ်းများ၊ သက်ဆိုင်ရာရပ်ကွက်အုပ်ချုပ်ရေးမှူးများ၊ ရာအိမ်မှူးများနှင့် တာဝန်ရှိသူများပူးပေါင်း၍ အဖွဲ့သုံးဖွဲ့ခွဲကာ ဆောင်ရွက်ကြောင်းသိရသည်။

အဆိုပါ လုပ်ငန်းဆောင်ရွက်နေမှုအား နတ်တလင်းမြို့နယ် ခေတ္တမြို့နယ်အုပ်ချုပ်ရေးမှူး ဦးဖြိုးဝေစိုးက ကြည့်ရှုအားပေးခဲ့ကာ အဆောက်အအုံမှတ်တမ်းတင်ခြင်းလုပ်ငန်းအား ဇန်နဝါရီ ၁၆ ရက်မှ မတ် ၃၁ ရက်အထိ ရပ်ကွက်၊ ကျေးရွာများတွင် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။

ဝေယံဖြိုး(ပြန်/ဆက်)