မုဒုံမြို့၌ မွေးမြူရေးဇုန်အကောင်အထည်ဖော်ဆောင်ရွက်မည့် မြေနေရာအားကြည့်ရှုစစ်ဆေး

မုဒုံ     ဇန်နဝါရီ     ၁၉

မွန်ပြည်နယ်၊ မုဒုံမြို့နယ် မြို့မ(၂)ရပ်ကွက်ရှိ ကွင်းအမှတ်-၈၄၄(ခ)တွင် မွေးမြူရေးဇုန်အကောင်အထည်ဖော်ဆောင်ရွက်နိုင်ရန်လျာထားသည့် မြေနေရာသို့ ယမန်နေ့မွန်းလွဲပိုင်းက တာဝန်ရှိသူများ ကွင်းဆင်းစစ်ဆေးသည်။

စားရေရိက္ခာဖူလုံရေးကဏ္ဍတွင် အဓိကကျသည့် စိုက်ပျိုးရေး၊ မွေးမြူရေးကဏ္ဍကို ပိုမိုဖွံ့ဖြိုးတိုးတက်စေရန်နှင့် စိုက်ပျိုးမွေးမြူကို အခြေခံပြီး တန်ဖိုးမြှင့်ထုတ်ကုန်များထုတ်လုပ်မှုတိုးတက်စေရန်အတွက်  မော်လမြိုင်ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့နှင့် ဌာနဆိုင်ရာတာဝန်ရှိသူများက မွေးမြူရေးဇုန် ဆောင်ရွက်ရန်လျာထားသည့် မြေဧရိယာ (၁၂၇) ဧကခန့်အား ကြည့်ရှုစစ်ဆေးခဲ့သည်။

ထို့နောက် မြို့နယ်လယ်ယာမြေစီမံခန့်ခွဲရေးနှင့် စာရင်းအင်းဦးစီးဌာနမှ ဦးစီးအရာရှိက မွေးမြူရေးဇုန် အကောင်အထည်ဖော်ဆောင်ရွက်မည့် မြေနေရာ၏  မြေပုံအားရှင်းလင်းတင်ပြခဲ့ပြီး တာဝန်ရှိသူများက လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

သားငယ် (ပြန်/ဆက်)