ပြည်ထောင်စုနယ်မြေအတွင်း ရာဂီမုန်တိုင်းကြောင့် ရေကြီးနစ်မြုပ်မှုခံရသော သီးနှံများအား ပြန်လည်ကုစားရန် အသိပညာပေးဆွေးနွေးပွဲများ ဆောင်ရွက်
ပြည်ထောင်စုနယ်မြေ၊ ပျဉ်းမနားမြို့နယ်နှင့် လယ်ဝေးမြို့နယ်အတွင်း ရာဂီမုန်တိုင်းကြောင့် ရေကြီးနစ်မြုပ်မှုခံစားခဲ့ရသော သီးနှံစိုက်ခင်းများ ပြန်လည်ကုစားရန် လိုအပ်သည့် နည်းစနစ်များ၊ ပြန်လည်စိုက်ပျိုးမည့် သီးနှံများအတွက် ပျက်စီးသွားသော မြေဆီလွှာများအား ပြန်လည်ပြုပြင်ရေးနည်းလမ်းများ၊ ကြုံတွေ့နိုင်သော ဖြုတ်ညိုပိုး၊ ငမြှောင်တောင်ပိုးနှင့် ဘက်တီးရီးယားရောဂါများ ကြိုတင်ကာကွယ်နှိမ်နင်းနည်းလမ်းများအား သိရှိဆောင်ရွက်နိုင်ရေးအတွက် နည်းပညာပေးဆွေးနွေးပွဲများအား ယမန်နေ့တွင် ပျဉ်းမနားမြို့နယ်ရှိ နတ်သူရဲကျေးရွာနှင့် လယ်ဝေးမြို့နယ်၊ ပိတောက်ချောင်ကျေးရွာတို့တွင် ဆောင်ရွက်ခဲ့သည်။