ဖြူးမြို့နယ် မိုးကုတ်ဝိပဿနာဓမ္မရိပ်သာတွင် တိုင်းရင်းဆေးဖြင့် ကျန်းမာရေးစောင့်‌ရှောက်ပေး

ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ ဖြူးမြို့နယ်၊ ၁၆ကုတင်ဆံ့တိုင်းရင်းဆေးရုံနှင့် မြို့နယ်တိုင်းရင်းဆေးကုဌာနတို့ပူးပေါင်း၍ မိုးကုတ်ဝိပဿနာဓမ္မရိပ်သာအဖွဲ့ခွဲအမှတ်(၁၂၇)ရှိ ယောဂီသူတော်စင်များနှင့် ဂေါပကအဖွဲ့ဝင်များအား တိုင်းရင်းဆေးဖြင့် ကျန်းမာရေးစောင့်ရှောက်ပေးခြင်းများကို ယနေ့နံနက်ပိုင်းက ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

အုတ်ဖိုမြို့၌ လူဦးရေနှင့်အိမ်အကြောင်းအရာ သန်းခေါင်စာရင်းကောက်ယူနိုင်ရေး စာရင်းစစ် စာရင်းကောက်သင်တန်းသားများ လက်တွေ့ကွင်းဆင်း

ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ အုတ်ဖိုမြို့နယ်တွင် ၂၀၂၄ ခုနှစ်၊ လူဦးရေနှင့်အိမ်အကြောင်း အရာသန်းခေါင်စာရင်းကောက်ယူရေး မြို့နယ်အဆင့်စာရင်းစစ် စာရင်းကောက်သင်တန်းကို အ.ထ.က အုတ်ဖို၌ ဖွင့်လှစ်လျက်ရှိရာ သင်တန်းသားများအနေဖြင့် မြေပြင်လက်တွေ့ကောက်ယူခြင်းလုပ်ငန်းကို ယနေ့နံနက်ပိုင်းက ကျောင်းကြီးတန်းရပ်ကွက်တွင် ကွင်းဆင်းဆောင်ရွက်ခဲ့သည်။

ရှမ်းပြည်နယ် အစိုးရအဖွဲ့မှ မောက်မယ်မြို့နယ် ရေဘေးသင့်ပြည်သူများအတွက် ဆန်၊ ဆီ ရိက္ခာ ထောက်ပံ့ပေးအပ်

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လင်းခေးခရိုင်၊ မောက်မယ်မြို့နယ်၌ ရှမ်းပြည်နယ်အစိုးရအဖွဲ့မှ ရေဘေးသင့်ပြည်သူများအတွက် ဆန်၊ ဆီရိက္ခာထောက်ပံ့ပေးအပ်ပွဲ အခမ်းအနားကို စက်တင်ဘာ (၂၄) ရက်နေ့ ညနေ ၄ နာရီက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်ဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။

ကလောမြို့နယ်၌ ၂၀၂၄ ခုနှစ် လူဦးရေးနှင့်အိမ်အကြောင်းအရာ သန်းခေါင်စာရင်း၊ စာရင်းစစ်၊ စာရင်းကောက် သင်တန်းဖွင့်လှစ်

ရှမ်းပြည်နယ်တောင်ပိုင်း၊ ကလောခရိုင်၊ ကလောမြို့နယ်တွင် ၂၀၂၄ ခုနှစ် လူဦး‎ရေနှင့်အိမ်အကြောင်းအရာသန်းခေါင်စာရင်း၊ စာရင်းစစ်၊ စာရင်းကောက်သင်တန်းဖွင့်ပွဲကို ယမန်နေ့နံနက် ၉ နာရီက ကလောမြို့နယ် အထွေထွေအုပ်ချုပ်ရေးအစည်းအဝေးခန်းမ၌ ပြုလုပ်ခဲ့သည်။

မက်မန်းမြို့နယ်တွင် လူဦးရေနှင့်အိမ်အကြောင်းအရာ သန်းခေါင်စာရင်း မြို့နယ်အဆင့် စာရင်းစစ်၊ စာရင်းကောက် သင်တန်းဖွင့်လှစ်သင်ကြားနေမှုအား တာဝန်ရှိသူများ သွားရောက်ကြည့်ရှုအားပေး

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ “ဝ”ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း၊ မက်မန်းခရိုင်၊ မက်မန်းမြို့နယ်တွင် ၂၀၂၄ ခုနှစ် လူဦးရေနှင့်အိမ်အကြောင်းအရာ သန်းခေါင်စာရင်း မြို့နယ်အဆင့်စာရင်းစစ်၊ စာရင်း ကောက်သင်တန်းကို မက်မန်းခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦစီးဌာန (Community Centre) ခန်းမတွင် ဖွင့်လှစ်သင်ကြားပို့ချနေမှုကို ယမန်နေ့နံနက်ပိုင်းတွင် တာဝန်ရှိသူများက သွားရောက်ကြည့်ရှုအားပေးခဲ့သည်။

မိုးညိုမြို့၌ သန်းခေါင်စာရင်းကောက်ယူရေး သင်တန်းတက်ရောက်နေသူများ လက်တွေ့စမ်းသပ်ကွင်းဆင်းကောက်ယူ

ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ မိုးညိုမြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၌ ၂၀၂၄ ခုနှစ်၊ လူဦးရေနှင့်အိမ်အကြောင်းအရာ သန်းခေါင်စာရင်းကောက်ယူရေး မြို့နယ်အဆင့် စာရင်းစစ်၊ စာရင်းကောက်သင်တန်းကို စက်တင်ဘာ ၁၇ ရက်နေ့တွင် စတင်ဖွင့်လှစ်၍ စာတွေ့၊ လက်တွေ့ပို့ချခဲ့ရာ ယနေ့နံနက် ၉ နာရီက လက်တွေ့သင်ခန်းစာအဖြစ် သင်တန်းတက်ရောက်နေသူ ၁၆၄ ဦးက မြို့ပေါ်ရပ်ကွက်များသို့ ကွင်းဆင်း၍ စမ်းသပ်ကောက်ယူခဲ့‌သည်။

ပခုက္ကူခရိုင်အဆင့် ကလေးသူငယ် အခွင့်အရေးများဆိုင်ရာ ကော်မတီလုပ်ငန်းညှိနှိုင်း အစည်းအဝေးကျင်းပ

မကွေးတိုင်းဒေသကြီး၊ ပခုက္ကူခရိုင်အဆင့် ကလေးသူငယ်အခွင့်အရေးများဆိုင်ရာ ကော်မတီ လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ယမန်နေ့ နံနက် (၁၀) နာရီခွဲအချိန်က ပခုက္ကူမြို့၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန မြဧရာ (၂) ခန်းမ၌ ကျင်းပပြုလုပ်သည်။

သာယာဝတီမြို့နယ်၌ လူဦးရေနှင့် အိမ်အကြောင်းအရာ သန်းခေါင်းစာရင်းကောက်ယူရေး သင်တန်းသားများ လက်တွေ့ကွင်းဆင်းဆောင်ရွက်

ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီမြို့နယ်တွင် ၂၀၂၄ ခုနှစ်၊ လူဦးရေနှင့်အိမ်အကြောင်း အရာသန်းခေါင်စာရင်းကောက်ယူရေး မြို့နယ်အဆင့်စာရင်းစစ် စာရင်းကောက်များကို အ.ထ.က(၁)သာယာဝတီကျောင်း၌ သင်တန်းဖွင့်လှစ်လျက်ရှိရာ သင်တန်းသားများအနေဖြင့် မြေပြင်လက်တွေ့ကောက်ယူခြင်းလုပ်ငန်းကို ယနေ့က ​အလယ်ကုန်းရပ်ကွက်၌ ဆောင်ရွက်ခဲ့သည်။

ပင်လောင်းမြို့နယ်၌ နွားမေထုန်မဲ့ သားစပ်သင်တန်းဖွင့်လှစ်

နို့စားနွားမွေးမြူမှု ဖွံ့ဖြိုးတိုးတက်စေရန်၊ ပြည်တွင်းနို့ထွက်ပစ္စည်းထုတ်လုပ်မှုမြင့်မားလာစေရန်နှင့် ပြည်ပမှနို့ထွက်ပစ္စည်းများ တင်သွင်းမှုလျော့ချဆောင်ရွက်နိုင်စေရန်အတွက် မွေးမြူရေးနှင့် ကုသရေးဦးစီးဌာနမှ ခရိုင်အခြေပြုစီမံချက်အဖြစ် နို့စားနွားမေထုန်မဲ့သားစပ်သင်တန်းကို ရှမ်းပြည်နယ်တောင်ပိုင်း၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ပင်လောင်းမြို့နယ် နောင်တရားမြို့ ဒေသနွားမျိုးထိမ်းမျိုးပွားသရုပ်ပြမွေးမြူရေးခြံ၌ ယမန်နေ့နံနက် ၁၀ နာရီတွင် ကျင်းပသည်။

လက်ပံတန်း၌ လူဦးရေနှင့်အိမ်အကြောင်းအရာ သန်းခေါင်စာရင်းကောက်ယူခြင်းဆိုင်ရာ အသိပညာပေးလက်ကမ်းစာစောင်များ ဖြန့်ဝေ

ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ လက်ပံတန်းမြို့နယ် လူဝင်မှုကြီးကြပ်ရေးဦးစီးဌာနမှ လူဦးရေနှင့်အိမ်အကြောင်းအရာ သန်းခေါင်စာရင်းကောက်ယူခြင်းဆိုင်ရာ အသိပညာပေးလက်ကမ်းစာစောင်များကို ယနေ့နံနက် ၈ နာရီက မြို့မဈေးနှင့် လူစည်ကားရာနေရာများ၌ ဖြန့်ဝေပေးခဲ့ကြသည်။
Subscribe to