သင်္ဃန်းကျွန်း ဇန်နဝါရီ ၁၈
ရန်ကုန်တိုင်းဒေသကြီး၊ သင်္ဃန်းကျွန်းမြို့နယ်တွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် သင်္ကန်းကျွန်းပညာရေးဒီဂရီကောလိပ်တို့ ပူးပေါင်း၍ သင်တန်းသား/ သင်တန်းသူများ စာဖတ်ရှိန်မြင့်တင်ရေးနှင့် ဗလငါးတန်ဖွံ့ဖြိုးတိုးတက်စေရန် နယ်လှည့်စာကြည့်တိုက်စနစ်ဖြင့် စာအုပ်စာစောင်များအား အခမဲ့ငှားရမ်းပေးခြင်းကို ယနေ့နံနက် (၁၀)နာရီအချိန်က သင်္ကန်းကျွန်း ပညာရေးဒီဂရီကောလိပ်ရှိ သင်တန်းသား၊ သင်တန်းသူများထံသို့ စာအုပ်များ လက်ဝယ်အရောက် အခမဲ့ငှားပေးခြင်းများ ဆောင်ရွက်ခဲ့ပါသည်။
ထိုသို့ နယ်လှည့်ကွင်းဆင်းဆောင်ရွက်ရာတွင် ရန်ကုန်အရှေ့ပိုင်းခရိုင်၊ သင်္ဃန်းကျွန်း ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဝန်ထမ်းများက ရုံးသို့လာရောက်ငှားရမ်းရန် အခက်အခဲရှိသော သင်တန်းသူ၊ သင်တန်းသားများထံသို့ လက်ဝယ်အရောက် နယ်လှည့်ကွင်းဆင်းပြီး သုတရသစာအုပ်များ၊ စာငှားသူ၊ စာဖတ်သူစိတ်ကြိုက်စာအုပ်များအား စာငှားသူ/ စာဖတ်သူများထံအရောက် အခမဲ့ငှားရမ်းပေးခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သတင်းရရှိပါသည်။
ခရိုင် (ပြန်ဆက်)