ပွင့်ဖြူမြို့နယ်၌ သဘာဝပတ်ဝန်းကျင်စိမ်းလန်းစိုပြည်ရေးအတွက် ကျေးလက်ကုန်ထုတ်လမ်းဘေးတစ်လျှောက် မိုးရာသီ အရိပ်ရသစ်ပင်များ စုပေါင်းစိုက်ပျိုး
မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက မြို့နယ်အတွင်း သဘာဝပတ်ဝန်းကျင်စိမ်းလန်းစိုပြည်စေရန်နှင့် ရာသီဥတုအပူဒဏ်ကာကွယ်နိုင်ရန်အတွက် ရည်ရွယ်၍ ကန်ပြည့်ကျေးရွာ ကျေးလက်ကုတ်ထုတ်လမ်း လမ်းဘေး(ဝဲ၊ ယာ)တွင် ယမန်နေ့၊ နံနက် ၈ နာရီက မိုးရာသီ အရိပ်ရသစ်ပင်များ စုပေါင်းစိုက်ပျိုးခဲ့ကြောင်း သိရသည်။