သန်းခေါင်စာရင်းကောက်ယူခြင်းဆိုင်ရာ လုပ်ငန်းညှိနှိုင်းအစည်းအဝေး ကော့ကရိတ်မြို့တွင် ပြုလုပ်ကျင်းပ
ကရင်ပြည်နယ်၊ ကော့ကရိတ်ခရိုင်၊ ကော့ကရိတ်မြို့တွင် ခရိုင်/မြို့နယ်သန်းခေါင်စာရင်းကော်မတီ၊ သန်းခေါင်စာရင်းကောက်ယူခြင်းဆိုင်ရာ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယမန်နေ့ နံနက် ၁၀:၀၀နာရီအချိန်က ဒေါနခန်းမတွင် ကျင်းပပြုလုပ်သည်။