နေပြည်တော်ကုသရေးဦးစီးဌာန၊ အထူးကုဆရာဝန်ကြီးများ ကွင်းဆင်းဆေးကုသ
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ပုဗ္ဗသီရိမြို့နယ်၊ အေးမြင့်သာယာအုပ်စု၊ ခါးပြတ်ကျေးရွာ အောင်စည်သာဘုန်းတော်ကြီးကျောင်းတိုက်တွင် ယမန်နေ့နံနက်ပိုင်းတွင် နေပြည်တော်ကုသရေးဦးစီးဌာနမှ အထူးကုဆရာဝန်ကြီးများသည် ရေဘေးရှောင်ပြည်သူများအား ကျန်းမာရေးစောင့်ရှောက်ပေးလျက်ရှိသည်။