မိုင်းဖြတ်မြို့နယ်၊ အ​.လ.က(ပါဆန်း)၏ ပညာ​ရေးစုံညီပွဲ​တော်၌ ​စာ​ပေနှင့် အားကစားအတွက် ဆုပေါင်း ၁၂၀​ ကျော်​ ပေးအပ်ချီးမြှင့်

ရှမ်းပြည်နယ်(အ​ရှေ့ပိုင်း)၊ တာချီလိတ်ခရိုင်၊ မိုင်းဖြတ်မြို့နယ်တွင် အ.လ.က (ပါဆန်း)၏ ၂၀၂၃-၂၀၂၄ ပညာသင်နှစ် ပညာ​ရေးစုံညီပွဲ​တော်နှင့် ပညာရည်ချွန်ဆုပေးပွဲအခမ်းအနားကို ယနေ့နံနက် ၉ နာရီခွဲက အဆိုပါကျောင်းဝန်းအတွင်း စည်ကားသိုက်မြိုက်စွာ ကျင်းပပြုလုပ်ခဲ့​ရာ ​ကျောင်းသား၊ ​ကျောင်းသူများကို စာ​ပေနှင့် အားကစားဆု (၁၂၀)​ကျော် ​​ပေးအပ်ချီးမြှင့်ခဲ့ကြောင်း သိရသည်။

စစ်ကိုင်းမြို့နယ်အဆင့် ပညာရေးစုံညီပွဲတော်ကျင်းပ

စစ်ကိုင်းမြို့နယ်အဆင့် ပညာရေးစုံညီပွဲတော် ဖွင့်ပွဲအခမ်းအနားကို ယနေ့ နံနက်ပိုင်းက အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်း၊ အသင်္ခယာခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။

စလင်းမြို့နယ်၌ နိုင်ငံစီးပွားမြှင့်တင်ရေးချေးငွေဖြင့် ဆုံဆီလုပ်ငန်းတစ်ပိုင်တစ်နိုင် မြေပဲ၊ နှမ်း၊ နေကြာကြိတ်ခွဲရောင်းချခြင်းဖြင့် မိသားစုလုပ်ငန်းအဆင်ပြေ

မကွေးတိုင်းဒေသကြီး မင်းဘူးခရိုင် စလင်းမြို့ ပေါင်းပင်ဇင်းရပ်ကွက် လှည်းကြီးစု ကံပွင့်အောင်ဆီဆုံကြိတ်လုပ်ငန်းမှာ နိုင်ငံစီးပွားမြှင့်တင်ရေးချေးငွေရယူ၍ မိသားစုတစ်နိုင်တစ်ပိုင် မြေပဲ၊ နှမ်း၊ နေကြာဆုံဆီ ကြိတ်ခွဲရောင်းချခြင်းဖြင့် မိသားစုအဆင်ပြေလျက်ရှိကြောင်း သိရသည်။

သပိတ်ကျင်းမြို့ ၌ ဥပ္ပါတသန္တိကျမ်းမြတ်ရွတ်ဖတ်ပူဇော်ပွဲ အောင်ပွဲအခမ်းအနားကျင်းပ

မန္တလေးတိုင်းဒေသကြီး၊ သပိတ်ကျင်းမြို့နယ်ရှိ ဆိပ်ကမ်းရပ်ကွက် ရွှေဝါဝင်းခန်းမတွင် (၉-၁-၂၀၂၄) ရက်နေ့မှ (၁၈-၁-၂၀၂၄) ရက်နေ့အထိ (၉) ရက်တိုင်ကျင်းပခဲ့သည့် ဥပ္ပါတသန္တိကျမ်းမြတ် ရွတ်ဖတ်ပူဇော်ပွဲ အောင်ပွဲအခမ်းအနားကို ဇန်နဝါရီလ ၁၈ ရက်နေ့၊ နံနက် ၉ နာရီက အဆိုပါခန်းမတွင် ပြုလုပ်ခဲ့သည်။

မင်းတုန်းမြို့ Community centre တွင် အထွေထွေဗဟုသုတပြိုင်ပွဲ ကျင်းပ

မကွေးတိုင်းဒေသကြီး၊ မင်းတုန်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန Community centre တွင် ယမန်နေ့ ညနေ ၂ နာရီက အထွေထွေဗဟုသုတပြိုင်ပွဲ ကျင်းပရာ အ.ထ.က မင်းတုန်းမှ Grade-7 ကျောင်းသား၊ ကျောင်းသူ (၃၅)ဦး ပါဝင်ယှဉ်ပြိုင်ခဲ့ကြသည်။

မြစ်သားမြို့နယ် အခြေခံပညာစက်မှု၊ စိုက်ပျိုး၊ မွေးမြူရေးအထက်တန်းကျောင်းတွင် လူငယ်လူရွယ်များ ဗလငါးတန်ဘက်စုံဖွံ့ဖြိုးတိုးတက်စေရေး လူငယ်စကားဝိုင်းကျင်းပ

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ မြစ်သားမြို့နယ် အခြေခံပညာစက်မှု၊ စိုက်ပျိုး၊ မွေးမြူရေးအထက်တန်းကျောင်းတွင် ကျောင်းသား/ကျောင်းသူများ လူငယ်လူရွယ်လေးများ ဗလငါးတန်ဘက်စုံဖွံ့ဖြိုးတိုးတက်စေရန် ရည်ရွယ်၍ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ပူးပေါင်းကာ လူငယ်စကားဝိုင်းကို ယနေ့နံနက် ၉ နာရီအချိန်က ကျန်စစ်သားခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

ဟိုင်းကြီးကျွန်းမြို့ ရေကျော်ဘုရားလှ၊ စမ်းကြီးကျေးရွာအုပ်စုများ၌ ကျွဲ၊ နွား လည်ချောင်းကွဲရောဂါနှင့် ပေါင်ပုပ်၊ လက်ပုပ်ရောဂါမဖြစ်ပွားစေရေး ကာကွယ်ဆေးထိုးခြင်းလုပ်ငန်းများ ဆောင်ရွက်

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ဟိုင်းကြီးကျွန်းမြို့၌ ကျွဲနွားလည်ချောင်းကွဲရောဂါနှင့် ပေါင်ပုပ်၊ လက်ပုပ်ရောဂါမဖြစ်ပွားစေရေး ကာကွယ်ဆေးထိုးနှံခြင်းကို ယနေ့နံနက်(၁၀း၀၀)နာရီအချိန်တွင် ရေကျော်ဘုရားလှ၊ စမ်းကြီးကျေးရွာအုပ်စုများ၌ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

မင်္ဂလာတောင်ညွန့်မြို့နယ် အမှတ်(၄)အခြေခံပညာအထက်တန်းကျောင်းတွင် ပညာရေးစုံညီပွဲတော်ကျင်းပ

ရန်ကုန်တိုင်းဒေသကြီး၊ ဗိုလ်တထောင်ခရိုင်၊ မင်္ဂလာတောင်ညွန့်မြို့နယ် အမှတ်(၄)အခြေခံပညာအထက်တန်းကျောင်းတွင် ၂၀၂၃-၂၀၂၄ ပညာသင်နှစ်၊ ပညာရေးစုံညီပွဲတော်အခမ်းအနားကို ယနေ့နံနက်(၉)နာရီအချိန်က အဆိုပါကျောင်းတွင် ကျင်းပပြုလုပ်ခဲ့သည်။

အ.ထ.က ငါးသိုင်းချောင်းမြို့တွင် လူငယ်စကားဝိုင်းကျင်းပ

ဧရာဝတီတိုင်းဒေသကြီး၊ ကျုံပျော်ခရိုင်၊ ငါးသိုင်းချောင်းမြို့တွင် ဗလငါးတန်ပြည့်ဝသည့် လူငယ်များပေါ်ထွက်လာစေရန်ရည်ရွယ်၍ ငါးသိုင်းချောင်းမြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ရေကြည်မြို့နယ်အားကစားနှင့်ကာယပညာဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်း၍လူငယ်စကားဝိုင်းကို ယနေ့နံနက်(၉:၃၀)နာရီတွင် အ.ထ.က(ငါးသိုင်းချောင်း)၌ ကျင်းပပြုလုပ်သည်။

ကန်ကြီးထောင့်မြို့နယ်တွင် Grade-9 စာမေးပွဲဆိုင်ရာ မြို့နယ်အဆင့်အလုပ်ရုံဆွေးနွေးပွဲကျင်းပ

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ကန်ကြီးထောင့်မြို့နယ်တွင် Grade-9 စာမေးပွဲဆိုင်ရာ မြို့နယ်အဆင့်အလုပ်ရုံဆွေးနွေးပွဲကို ယနေ့နံနက် ၁၀နာရီအချိန်က အ.ထ.က ကန်ကြီးထောင့်၊ အမျိုးသား ခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။
Subscribe to