ကန်ကြီးထောင့် ဇန်နဝါရီ ၁၉
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ကန်ကြီးထောင့်မြို့နယ်တွင် Grade-9 စာမေးပွဲဆိုင်ရာ မြို့နယ်အဆင့်အလုပ်ရုံဆွေးနွေးပွဲကို ယနေ့နံနက် ၁၀နာရီအချိန်က အ.ထ.က ကန်ကြီးထောင့်၊ အမျိုးသား ခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။
ဦးစွာ ဆွေးနွေးပွဲတွင် မြို့နယ်ပညာရေးမှူး ဒေါ်တင်မေသန်းက အဖွင့်အမှာစကားပြောကြားခဲ့ပြီး ဒုတိယမြို့နယ်ပညာရးမှူး ဦးအောင်သန်းစိုးက ဆွေးနွေးပွဲကျင်းပရခြင်း၏ ရည်ရွယ်ချက်၊ ဆွေးနွေးပွဲနှင့် ပတ်သက်သည့်အကြောင်းအရာများကို ရှင်းလင်းပြောကြားခဲ့သည်။
အဆိုပါ ဆွေးနွေးပွဲအား မြို့နယ်အတွင်းရှိ ကျောင်းများမှ ဘာသာပြဆရာ၊ ဆရာမများအား စနစ်သစ်စာမေးပွဲအတွက် သင်ခန်းစာများ၊ မေးခွန်းပုံစံများကို စနစ်တကျအသေးစိတ်နားလည်သိရှိစေရန်နှင့် ကျောင်းသား၊ ကျောင်းသူများအား စနစ်တကျပြန်လည်ပို့ချပေးနိုင်စေရန် ရည်ရွယ်၍ ကျင်းပရခြင်း ဖြစ်ပြီးဆွေးနွေးပွဲသို့ နည်းပြ(၆)ဦးနှင့် မြို့ပေါ်၊ ရပ်ကွက်ရှိ ဆရာ၊ ဆရာမဦးရေ(၃၇၀)ဦး တက်ရာက်ခဲ့ကြကြောင်းသိရသည်။
ကျော်ဇင်စိုး (ပြန်/ဆက်)