စလင်း ဇန်နဝါရီ ၁၉
မကွေးတိုင်းဒေသကြီး မင်းဘူးခရိုင် စလင်းမြို့ ပေါင်းပင်ဇင်းရပ်ကွက် လှည်းကြီးစု ကံပွင့်အောင်ဆီဆုံကြိတ်လုပ်ငန်းမှာ နိုင်ငံစီးပွားမြှင့်တင်ရေးချေးငွေရယူ၍ မိသားစုတစ်နိုင်တစ်ပိုင် မြေပဲ၊ နှမ်း၊ နေကြာဆုံဆီ ကြိတ်ခွဲရောင်းချခြင်းဖြင့် မိသားစုအဆင်ပြေလျက်ရှိကြောင်း သိရသည်။
စလင်းမြို့နယ်တွင် ဆီစက်၊ ဆန်စက်နှင့် လုပ်ငန်းများစွာရှိသည့်အလျောက် ပေါင်းပင်းဇင်းရပ်ကွက် လှည်းကြီးစု ကံပွင့်အောင်ဆုံဆီကြိတ်လုပ်ငန်း ဦးကျော်ဇေယျ နိုင်ငံစီးပွားမြှင့်တင်ရေးချေးငွေရယူ၍ မကွေးမြို့နှင့် ညောင်ဦးမြို့များမှ ထုတ်လုပ်ရောင်းချသည့် ဆီကြိတ်ခုံများကို ဝယ်ယူ၍ လျှပ်စစ်သုံးကောင်မော်တာများ တပ်ဆင်၍ ဆီကြိတ်ခုံနှစ်လုံးဖြင့် နံနက် ၇ နာရီမှ စတင်ကာနေ့စဥ်လည်ပတ်၍ ညနေ ၅ နာရီ ၃၀ အချိန်အထိ အလုပ်သမား(၃)ဦးဖြင့် နေ့စဥ်ဆုံဆီကြိတ်လုပ်ငန်းကို လုပ်ကိုင်လျက်ရှိရာ တစ်နေ့ကို မြေပဲ ၅ တင်းမှ ၆ တင်းအထိ ကြိတ်ခွဲနိုင်ပြီး ဆုံဆီတစ်ခါကြိတ်လျှင် တစ်နာရီ အရြာရြိတ်ရပြီး မြေပဲခွဲကြမ်း(၁၀)ပြည်ကို ဆီကြိတ်ပါ(၃ ပိဿာ ၈၀ ကျပ်သားထွက်ရှိပြီး မြေပဲဆံအလုံးအကောင်းကို ကြိတ်ခွဲပါက (၄ ပိဿာ)ထွက်ရှိကြောင်း သိရသည်။
စလင်းမြို့နယ်အတွင်းရှိ ဒေသခံတောင်သူများမှ ဆီထွက်သီးနှံများဖြစ်သည့် မြေပဲ၊ နှမ်း၊ နေကြာတို့ကို ပြည်တွင်းစားသုံးဆီဖူလုံရေးအတွက် အလေးထားစိုက်ပျိုးလျက်ရှိရာ သီးနှံများပေါ်ချိန်တွင် ဆီသန့်သန့်စားသုံးလိုသူများမှ ဆီကြိတ်ခွဲ၍ စားသုံးလျက်ရှိကြပြီး မိသားစုတစ်ပိုင်တစ်နိုင် ကြိတ်ခွဲ၍ရောင်းချပေးခြင်း တောင်သူများမှလည်း မိမိတို့ဆီထွက်သီးနှံများကို ကြိတ်ခွဲပါက လုပ်အားခနှုန်းများသတ်မှတ်၍ ကြိတ်ခွဲပေးပြီး စားသုံးသူပြည်သူများကို ရောဂါကင်း၍ သန့်ရှင်းလတ်ဆတ်သော မြေပဲဆီ(၁ ပိဿာလျှင် ၁၄၀၀၀ ကျပ်၊ နှမ်းဆီ(၁ပိဿာလျှင် ၁၅၀၀၀ ကျပ်၊ နေကြာဆီ ၁ ပိဿာလျှင် ၁၅၅၀၀ ကျပ်တို့ဖြင့် ရောင်းချပေးလျက်ရှိကြောင်းနှင့် မိမိတို့လယ်ယာမြေများမှ ထွက်ရှိသော ဆီထွက်သီးနှံများကို ဆုံဆီကြိတ်သုံးစွဲခြင်းဖြင့် မိသားစုများရောဂါကင်း၍ ဆုံဆီကြိတ်လုပ်ငန်းလုပ်ကိုင်ရင်းဖြင့် မိသားစုလုပ်ငန်းလည်ပတ်နိုင်ပြီး အလုပ်အကိုင်အခွင့်အလမ်းလဲရ၊ နေ့စဥ်ဝင်ငွေတိုးကြောင်းကို ဆုံဆီကြိတ်လုပ်ငန်းရှင် ဦးကျော်ဇေယျထံမှ သိရှိရသည်။
မောင်လွင်(စလင်း)