ဟိုင်းကြီးကျွန်းမြို့ ရေကျော်ဘုရားလှ၊ စမ်းကြီးကျေးရွာအုပ်စုများ၌ ကျွဲ၊ နွား လည်ချောင်းကွဲရောဂါနှင့် ပေါင်ပုပ်၊ လက်ပုပ်ရောဂါမဖြစ်ပွားစေရေး ကာကွယ်ဆေးထိုးခြင်းလုပ်ငန်းများ ဆောင်ရွက်

ဟိုင်းကြီးကျွန်း ဇန်နဝါရီ ၁၉

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ဟိုင်းကြီးကျွန်းမြို့၌ ကျွဲ၊ နွား လည်ချောင်းကွဲရောဂါနှင့် ပေါင်ပုပ်၊ လက်ပုပ်ရောဂါမဖြစ်ပွားစေရေး ကာကွယ်ဆေးထိုးနှံခြင်းကို ယနေ့နံနက်(၁၀း၀၀)နာရီအချိန်တွင် ရေကျော်ဘုရားလှ၊ စမ်းကြီးကျေးရွာအုပ်စုများ၌ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ထိုသို့ဆောင်ရွက်ရာတွင် ဟိုင်းကြီးကျွန်းမြို့ မွေးမြူရေးနှင့်ကုသရေးဦးစီးဌာန၊ လက်ထောက်ကြီးကြပ်ရေးမှူး ဦးထက်မျိုးဝေမှ ကျွဲ၊နွားများတွင် ကျရောက်တတ်သောရောဂါများ၊ ကျွဲ၊ နွားလည်ချောင်းကွဲရောဂါနှင့် ပေါင်ပုပ်၊ လက်ပုပ်ရောဂါလက္ခဏာများအား မည်သို့ကြိုတင်ကာကွယ်ကြရမည့် အချက်များကို ရှင်းလင်းပြောကြားပြီး ရေကျော်ဘုရားလှ၊ စမ်းကြီးကျေးရွာအုပ်စုအတွင်းရှိ ကျွဲ၊ နွားများအား လည်ချောင်းကွဲရောဂါနှင့် ပေါင်ပုပ်၊ လက်ပုပ်ရောဂါ ကာကွယ်ဆေးများ အခမဲ့လိုက်လံ ထိုးနှံပေးခဲ့ကြောင်း သိရသည်။

လှိုင်မျိုးအောင်

ဟိုင်းကြီးကျွန်း (ပြန်/ဆက်)