မြောင်းမြမြို့ အ.ထ.က(၁)တွင် ပညာရေးစုံညီပွဲတော်နှင့် ထူးချွန်ဆုများ ချီးမြှင့်ပွဲအခမ်းအနားကျင်းပ
ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ မြောင်းမြမြို့၊ အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်း၊ ပညာရတနာခန်းမတွင်(၂၀၂၃-၂၀၂၄) ပညာသင်နှစ်၊ ပညာရေးစုံညီပွဲတော်နှင့် ထူးချွန်ဆုများ ချီးမြှင့်ပွဲအခမ်းအနားကို ယနေ့နံနက် (၉:၀၀) နာရီအချိန်က ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။