မင်္ဂလာတောင်ညွန့် ဇန်နဝါရီ ၁၉
ရန်ကုန်တိုင်းဒေသကြီး၊ ဗိုလ်တထောင်ခရိုင်၊ မင်္ဂလာတောင်ညွန့်မြို့နယ် အမှတ်(၄)အခြေခံပညာအထက်တန်းကျောင်းတွင် ၂၀၂၃-၂၀၂၄ ပညာသင်နှစ်၊ ပညာရေးစုံညီပွဲတော်အခမ်းအနားကို ယနေ့နံနက်(၉)နာရီအချိန်က အဆိုပါကျောင်းတွင် ကျင်းပပြုလုပ်ခဲ့သည်။
အဆိုပါ အခမ်းအနားတွင် အ.ထ.က(၄)ကျောင်းသားများက “မြန်မာကျောင်း” သီချင်းဖြင့် သီဆို၍ အခမ်းအနားအား ဖွင့်လှစ်ခဲ့ပါသည်။ ထို့နောက် ကျောင်းအုပ်ဆရာမကြီးဒေါ်သီတာလှိုင်က အဖွင့်အမှာစကား ပြောကြားခဲ့သည်။ ဆက်လက်ပြီး ၂၀၂၂-၂၀၂၃ ပညာသင်နှစ် ကာယ၊ ဉာဏဆုများ၊ အားကစားဆုများအား အသီးသီးပေးအပ်ချီးမြှင့်ခဲ့ကြပြီးနောက် ကျောင်းသားလေးများက ဇာတိမာန်သီချင်းဖြင့်အခမ်းအနားအား ရုပ်သိမ်းခဲ့ကြောင်း သိရသည်။
ပညာရေးစုံညီပွဲတော်အခမ်းအနားသို့ ကျောင်းအကျိုးတော်ဆောင်များ၊ ဖိတ်ကြားထားသော ဧည့်သည်တော်များနှင့် ဆရာမများ၊ ကျောင်းသားများ၊ ကျောင်းသားမိဘများတက်ရောက်ခဲ့ကြကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)