မိုင်းဖြတ်မြို့နယ်၊ အ​.လ.က(ပါဆန်း)၏ ပညာ​ရေးစုံညီပွဲ​တော်၌ ​စာ​ပေနှင့် အားကစားအတွက် ဆုပေါင်း ၁၂၀​ ကျော်​ ပေးအပ်ချီးမြှင့်

မိုင်းဖြတ် ဇန်နဝါရီ ၁၉

ရှမ်းပြည်နယ်(အ​ရှေ့ပိုင်း)၊ တာချီလိတ်ခရိုင်၊ မိုင်းဖြတ်မြို့နယ်တွင် အ.လ.က (ပါဆန်း)၏ ၂၀၂၃-၂၀၂၄ ပညာသင်နှစ် ပညာ​ရေးစုံညီပွဲ​တော်နှင့် ပညာရည်ချွန်ဆုပေးပွဲအခမ်းအနားကို ယနေ့နံနက် ၉ နာရီခွဲက အဆိုပါကျောင်းဝန်းအတွင်း စည်ကားသိုက်မြိုက်စွာ ကျင်းပပြုလုပ်ခဲ့​ရာ ​ကျောင်းသား၊ ​ကျောင်းသူများကို စာ​ပေနှင့် အားကစားဆု (၁၂၀)​ကျော် ​​ပေးအပ်ချီးမြှင့်ခဲ့ကြောင်း သိရသည်။

​ရှေးဦးစွာ ​ကျောင်းသား၊ ​ကျောင်းသူများက ဘက်စုံပညာရည်တို့ လှမ်းချီသီချင်းဖြင့် သီဆို​ဖျော်ဖြေ၍ အခမ်းအနားကို ဖွင့်လှစ်ခဲ့သည်။ ထို့​နောက် ​မြို့နယ်စီမံအုပ်ချုပ်​ရေးအဖွဲ့ဥက္ကဋ္ဌ ဦးညီညီအောင်က ပညာ​ရေးစုံညီပွဲ​တော် ကျင်းပရခြင်း၏ ရည်ရွယ်ချက်များနှင့် ​စနစ်သစ်ပညာရေး​ပြောင်းလဲလာသည့် အ​ခြေအ​နေများနှင့်စပ်လျဥ်း၍ အမှာစကားပြောကြားခဲ့သည်။ ထို့​နောက် ​ကျောင်းအကျိုး​တော်​ဆောင်နာယက ဦးညွန့်ဝင်းက ကျောင်းဖွံ့ဖြိုးတိုးတက်​ရေးလုပ်ငန်းများကို အ​ကောင်အထည်​ဖော်​ဆောင်ရွက်​နေမှုများနှင့် စပ်လျဥ်း၍ ရှင်းလင်း​ပြောကြားခဲ့ကြောင်း သိရသည်။ 

ဆက်လက်၍ ဒုတိယဗိုလ်မှူးကြီး ​ကျော်မင်း​ထွေး၊ မြို့နယ်စီမံအုပ်ချုပ်​ရေးအဖွဲ့ဥက္ကဋ္ဌ ဦးညီညီအောင်၊ ကျောင်းအုပ်ဆရာမကြီး ဒေါ်နန်းဆိုင်လှိုင်းရှဲန်တစ်နှင့် ဌာနဆိုင်ရာအကြီးအကဲများက စာ​ပေနှင့် အားကစားထူးချွန်ဆုရရှိခဲ့ကြသည့် ​ကျောင်းသား၊ ​ကျောင်းသူများအား ဂုဏ်ပြုဆု​ပေါင်း (၁၂၀)​ကျော်ကို ​ပေးအပ်ချီးမြှင့်ခဲ့ကြသည်။ ယင်း​နောက် ​ကျောင်းသား၊ ​ကျောင်းသူများက တိုင်းရင်းသား ရိုးရာအကအလှများဖြင့် ကပြ​ဖျော်​ဖြေခဲ့ကြကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)