မင်းလှမြို့၌ တိရစ္ဆာန်ကျန်းမာရေးလုပ်သား မွမ်းမံသင်တန်းဆင်းပွဲကျင်းပ
မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ မင်းလှမြို့၌ မြို့နယ်မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနမှ ကြီးမှူးဖွင့်လှစ်သည့် တိရစ္ဆာန်ကျန်းမာရေးလုပ်သား မွမ်းမံသင်တန်းဆင်းပွဲ အခမ်းအနားကို ယမန်နေ့နံနက် (၉) နာရီခွဲက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပခဲ့သည်။