တနင်္သာရီတိုင်းဒေသကြီး၊ တိုင်းဒေသကြီးဥပဒေချုပ်ရုံးတွင် ဥပဒေရေးရာဝန်ကြီးဌာန၏ ပဉ္စမအကြိမ် လုပ်ငန်းညှိနှိုင်းဆွေးနွေးပွဲ ထပ်ဆင့်ရှင်းလင်းပွဲ အခမ်းအနားကျင်းပ

ပြည်ထောင်စုဝန်ကြီးနှင့် ပြည်ထောင်စုရှေ့နေချုပ်နှင့်တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်ဥပဒေချုပ်များ၊ တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်ဥပဒေအရာရှိများ၏ ပဉ္စမအကြိမ် လုပ်ငန်းညှိနှိုင်းဆွေးနွေးပွဲနှင့်စပ်လျဉ်း၍ ထပ်ဆင့်ရှင်းလင်းပွဲ အခမ်းအနားကို ယနေ့နံနက် ၉ နာရီက တနင်္သာရီတိုင်းဒေသကြီး၊ တိုင်းဒေသကြီးဥပဒေချုပ်ရုံး၊ အစည်းအဝေးခန်းမ၌ ကျင်းပသည်။

တောင်ငူ၌ ရေဘေးသင့်ပြည်သူများအားနယ်လှည့်ကွင်းဆင်း၍ အသိပညာပေးဟောပြောခြင်းနှင့် အခမဲ့ကျန်းမာရေးစောင့်ရှောက်မှုများဆောင်ရွက်

ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ တောင်ငူမြို့ အမှတ်(၂၀)ရပ်ကွက် ဝိသုဒ္ဓါရုံသိဥူးစာသင်တိုက်၌ ယမန်နေ့နံနက်ပိုင်းက ရေဘေးသင့်ပြည်သူများအား ကျန်းမာရေးဝန်ကြီးဌာန၊ ပြည်သူ့ဆေးရုံကြီး(တောင်ငူ)မှ အထူးကုဆရာဝန်ကြီးများနှင့် ကျန်းမာရေးဝန်ထမ်းများက နယ်လှည့်ကွင်းဆင်း၍ အသိပညာပေးဟောပြောခြင်းနှင့် ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများအားအခမဲ့ဆောင်ရွက်ပေးခဲ့ကြသည်။

မိတ္ထီလာမြို့နယ် ခေတ်မီစံပြကျေးရွာထူထောင်ရေးစီမံကိန်းဆောင်ရွက်မည့် ပျော်ကုန်းကျေးရွာတွင် ကျေးရွာတွင်းလမ်းခင်းခြင်းလုပ်ငန်းနှင့် မြေသားရေကန်တူးဖော်ခြင်းလုပ်ငန်း တာဝန်ရှိသူများ ကွင်းဆင်းစစ်ဆေး

မန္တလေးတိုင်းဒေသကြီး မိတ္ထီလာမြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ၂၀၂၄-၂၀၂၅ ဘဏ္ဍာရေးနှစ်တွင် ခေတ်မီစံပြကျေးရွာထူထောင်ရေးစီမံကိန်းဆောင်ရွက်မည့် ပျော်ကုန်းကျေးရွာတွင် ကျေးရွာတွင်းလမ်းခင်းခြင်းလုပ်ငန်းနှင့် မြေသားရေကန်တူးဖော်ခြင်း လုပ်ငန်းများအား တာဝန်ရှိသူများက ယမန်နေ့က ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။

သန်းခေါင်စာရင်းကောက်ယူရေး သန်လျင်၌ သင်တန်းဆင်းပွဲကျင်းပ

သန်လျင်ခရိုင်၊ သန်လျင်မြို့နယ်အတွင်း လာမည့်အောက်တိုဘာ(၁)ရက်နေ့တွင် စတင်ဆောင်ရွက်မည့် လူဦးရေနှင့်အိမ်အကြောင်းအရာသန်းခေါင်စာရင်းကောက်ယူရေး မြို့နယ်အဆင့် စာရင်းစစ်၊ စာရင်းကောက်သင်တန်းဆင်းပွဲကို စက်တင်ဘာလ (၂၈) ရက်နေ့ မွန်းလွဲ(၂)နာရီအချိန်တွင် သန်လျင်မြို့ အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်း ရတနာရှင်းသန့်ခန်းမ၌ ကျင်းပသည်။

သရက်ချောင်းမြို့နယ်၌ (၁၈) ကြိမ်မြောက် ကမ္ဘာ့ခွေးရူးရောဂါ ကာကွယ်တိုက်ဖျက်‌ရေး‌နေ့ အထိမ်းအမှတ် အသိပညာပေး ဟောပြောပွဲဆောင်ရွက်

တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ သရက်ချောင်းမြို့နယ်၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ စက်တင်ဘာလ ၂၈ ရက်နေ့က (၁၈)ကြိမ်မြောက် ကမ္ဘာ့ခွေးရူးရောဂါ ကာကွယ်တိုက်ဖျက်‌ရေး‌နေ့အထိမ်းအမှတ် အသိပညာပေးဟောပြောပွဲ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

မွန်ပြည်နယ်ဥပဒေချုပ်ရုံးတွင် ကျင်းပပြုလုပ်သည့် တရားမအမှုလိုက် လက်တွေ့ဘာသာရပ်သင်တန်းအမှတ်စဉ် (၁/၂၀၂၄) သင်တန်းဆင်းပွဲ အခမ်းအနား

မွန်ပြည်နယ် တရားမအမှုလိုက်လက်တွေ့ဘာသာရပ်သင်တန်း အမှတ်စဉ်(၁/၂ဝ၂၄) ဆင်းပွဲအခမ်းအနားကို ယမန်နေ့မွန်းလွဲပိုင်းက ပြည်နယ်ဥပဒေချုပ်ရုံးအစည်းအဝေးခန်းမ၌ ကျင်းပ  ပြုလုပ်ခဲ့သည်။

သန်းခေါင်စာရင်းကောက်ယူရာတွင် မထပ်၊ မကျန်၊ မှန်ကန်အောင် အင်တိုက်အားတိုက်ပူးပေါင်းပါဝင် ဆောင်ရွက်ပေးကြရန် ကရင်ပြည်နယ်ဝန်ကြီးချုပ်တိုက်တွန်း

ကရင်ပြည်နယ်အတွင်း ရပ်ကွက်(၆၇)ရပ်ကွက်၊ ကျေးရွာအုပ်စု(၁၉၅)စု၊ ကောက်ကွက်ပေါင်း (၁၈၅၂)ကွက်ဖြင့် အောက်တိုဘာလ(၁)ရက်နေ့မှ(၁၅)ရက်နေ့ထိ သန်းခေါင်စာရင်းကောက်ယူသွားမည်ဖြစ်ပြီး စက်တင်ဘာလ ၂၇ ရက် နေ့ နံနက် ၁၀ နာရီက ပြည်နယ်အစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမ (၂) ၌ ကျင်းပသည့် ပြည်နယ်သန်းခေါင်စာရင်း ကြီးကြပ်မှုကော်မတီ(၄/၂၀၂၄)လုပ်ငန်းညှိနှိုင်းအစည်းအဝေးတွင် ကရင်ပြည်နယ်ဝန်ကြီးချုပ်ဦးစောမြင့်ဦးကသန်းခေါင် စာရင်းကောက်ယူရာတွင် မထပ်၊ မကျန်၊ မှန်ကန်အောင် အင်တိုက်အားတိုက် ပူးပေါင်းပါဝင်ဆောင်ရွက်ပေးကြရန် တိုက်တွန်းပြောကြားသည်။

မြဝတီမြို့ခရိုင်၌ ကျောင်းသားလူငယ်များ စာဖတ်ရှိန်မြှင့်တင်ရေး အသိပညာပေး ဟောပြောပွဲနှင့် ပြိုင်ပွဲများ ကျင်းပ

ကရင်ပြည်နယ်၊ မြဝတီခရိုင် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ရဲရင့်ယဉ်ကျေးလိမ္မာ ဓမ္မစကူးလ်သင်တန်းတို့ ပူးပေါင်း၍ ကျောင်းသားလူငယ်များအနေဖြင့် စာဖတ်ရှိန် ပိုမိုမြင့်မားတိုးတက်ပြီး စာဖတ်သည့် အလေ့အကျင့်ကောင်းများရရှိစေရန် ရည်ရွယ်၍ ယမန်နေ့နံနက် ၁၀ နာရီက မြဝတီခရိုင် လူထုအခြေပြုဗဟိုဌာန၌ အသိပညာပေးဟောပြောပွဲနှင့် ကာယ၊ ဉာဏ စွမ်းရည်ပြိုင်ပွဲများ ကျင်းပပေးသည်။

ရေကြီးရေလျှံမှုဖြစ်ပွားခဲ့သော ရပ်ကွက်နှင့် ကျေးရွာများတွင် ကျန်းမာရေးလုပ်ငန်းများ အရှိန်အဟုန်မြှင့်ဆောင်ရွက်

ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ တောင်ငူမြို့နယ်အတွင်း စက်တင်ဘာ ၁၂ ရက်နေ့မှစတင်၍ ရေကြီးရေလျှံမှုဖြစ်ပွားခဲ့ရာ အဆိုပါရေကြီးရေလျှံမှုဖြစ်ပွားခဲ့သော ရပ်ကွက်၊ ကျေးရွာများရှိ ရေတွင်း၊ ရေကန်၊  လက်နှိပ်တုံကင်အစရှိသည့် သောက်သုံးရေအရင်းအမြစ်များအား ကလိုရင်းဆေးခတ်ခြင်းလုပ်ငန်းများကို ခရိုင်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာမီမီခင်ဦးဆောင်၍ အရေးပေါ်တုန့်ပြန်ဆောင်ရွက်ရေးအဖွဲ့များ( Rapid Response Team) နှင့် နှီးနွယ်ဌာနဆိုင်ရာများ၊ လူမှုရေးအသင်းအဖွဲ့များ၊ ဒေသခံပြည်သူများပူးပေါင်း၍ အရှိန်အဟုန်မြှင့် ဆောင်ရွက်လျက်ရှိသည်။
Subscribe to